အပိုင်း (၁၄၅) လက်တုံ့ပြန်ခြင်းရဲ့ အဓိပ္ပာယ် (၃)

3.1K 370 3
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၄၅) လက်တုံ့ပြန်ခြင်းရဲ့ အဓိပ္ပာယ် (၃)

ဓာတ်ပုံထဲတွင် ရှင်းရီချန်သည် သူအိမ်မှထွက်သွားချိန်က ဝတ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် ချောင်မော့ယွီ၏ အိမ်တံခါးရှေ့တွင် ရပ်နေပြီး တစ်ဖက်လူမှာ တံခါးမဖွင့်သော်လည်း သူသည် မိနစ် ၂၀ကြာအောင် စောင့်ခဲ့သည်ကို အချိန်ပြကွက်က သက်သေ ပြနေလေသည်။

ချောင်ရို့ဟွမ်သည် သတင်းစာကို စားပွဲပေါ်ပစ်တင်လိုက်ပြီး သူမ၏ ပုံမှန် သိမ်မွေ့သည့် အရောင်အဝါသည် ပြယ်လွင့်သွားကာ

“ကိုကိုရီချန် မနေ့က လုပ်ငန်းရှင်နဲ့ သွားတွေ့မယ်လို့ ပြောခဲ့တာမလား၊ ချောင်မော့ယွီက လုပ်ငန်းရှင်လား၊ အဟ ကိုကို ရုတ်တရက်ကြီး သူမနဲ့ စီးပွားရေးလုပ်နေတာ ညီမလည်း မသိလိုက်ရပါလားဟင်”

ရှင်းရီချန်သည် သည်မနက်တွင် ထိုဖြတ်ထားသည့်ဓာတ်ပုံကို မြင်လိုက်ပြီးနောက် ယဲ့ဖေးချန်း ကစားတာ ခံလိုက်ရမှန်း သိသွားလေသည်။ သူသည် ထိုကိစ္စကြောင့် ဒေါသထွက်နေစဥ် သူ့အဖေက ထိုအရေးကြီးဆုံးအဆင့်ရောက်မှ ချောင်မိသားစုနှင့် စကားများရသလားဟူ၍ ဖုန်းဆက်ပြောလာသဖြင့် မပျော်နိုင် ဖြစ်ရပြန်သည်။

ထိုအခိုက်တွင် ချောင်ရို့ဟွမ်၏ ထေ့လုံးများကို ကြားလိုက်ပြီးနောက် သူ့မျက်လုံးများသည် အေးစက်သွားကာ

“ ငါ ဘယ်သွားမယ်ဆိုတာ မင်းဝင်စွက်ဖက်ရမဲ့ကိစ္စမဟုတ်ဘူး”

ရှင်းရီချန်သည် မည်သည့်အခါကမျှ ချောင်ရို့ဟွမ်ကို ထိုသို့ ရက်စက်သောစကားများ မပြောဆိုခဲ့ဖူးချေ။ သူမ၏မျက်နှာသည် ပြောင်းလဲသွားပြီး သူမ၏ရင်အစုံသည်လဲ ဒေါသကြောင့် တစ်လိပ်လိပ် တက်လာတော့သည်။

“ ကိုကို အဲဒီအပေါစားမျက်နှာရဲ့ ဆွဲဆောင်တာ ခံလိုက်ရပြီလားဟင်၊ အဟ အရင်တုန်းကတော့ သူမက ကိုကို့ရှေ့မှာ ချော်လဲရင်တောင် လှည့်ကြည့်ဖို့ စိတ်ကူးမရှိဘူးဆို၊ သူမ ကိုကို့ကို ဂရုမစိုက်တော့ဘူးဆိုမှ အခုတော့ သူမက ပိုကောင်းတယ်လို့ တွေးနေတာလား၊ တစ်ယောက်ယောက်ရဲ့ အိမ်တံခါးရှေ့မှာ အဲလို စောင့်နေတာ ညီမတောင် ရှက်တယ်”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now