အပိုင်း (၁၂၇) အချင်းချင်းကိုက်ကြခြင်း (၄)

3.4K 384 4
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

127

အပိုင်း (၁၂၇) အချင်းချင်းကိုက်ကြခြင်း (၄)

ထိုမိန်းမသည် အသံကျယ်သဖြင့် သူမ စကားပြောလိုက်သောအခါ အားလုံးက ဝိုင်းကြည့်လာကြတော့သည်။

“ နင် တကယ်ပဲ ရှင်းဝမ်ရွှမ်းလား၊ ဘုရားရေ ငါ တကယ်ပဲ A-List မင်းသမီးနဲ့ တွေ့လိုက်ရတာပဲ”

ထိုမိန်းမသည် အလွန်စိတ်လှုပ်ရှားသွားလေသည်။

“ ငါတို့ ဓာတ်ပုံရိုက်လို့ရမလားဟင်”

ရှင်းဝမ်ရွှမ်းသည် သူတို့၏ရွက်ကြမ်းရေကျိုရုပ်များကို မကြိုက်သော်လည်း သူမသည် ပစ္စည်းများ ရောင်းရမည့် မျှော်လင့်ချက်ဖြင့် ကျက်သရေရှိစွာ ပြုံးပြလိုက်လေသည်။

“ရပါတယ်”

မိန်းမနှစ်ယောက်သည် ကင်မရာကို သူတို့ဘေးရှိ ယောကျ်ားကို မြန်မြန်ပေးလိုက်ပြီး ယောကျ်ားများသည် သူတို့ကို ဓာတ်ပုံရိုက်ပေးလိုက်၏။

ထိုမိန်းမသည် ရှင်းဝမ်ရွှမ်းကို ထပ်မေးလိုက်၏။

“ ဘာလို့ ဆိုင်ဖွင့်ထားတာလဲ၊ ဒီနေရာ လူနေမှုပုံစံကို အတွေ့အကြုံ လာယူတာလား”

အစီအစဥ်တွင် ဆိုင်ဖွင့်နေစဥ် ရိုက်ကူးရေးအကြောင်းကို မပြောပြရန် စည်းကမ်းတစ်ခု ရှိလေသည်။ ထို့ကြောင့် ရှင်းဝမ်ရွှမ်းသည် ဘာမှမပြောဘဲ ပြုံးနေလိုက်တော့သည်။ ကင်မရာမန်းများပင် အစီအစဥ်ကို ရိုက်ယူရန် ဗွီဒီယိုကင်မရာလေးများကို သုံးကြရသည်။

ရှင်းဝမ်ရွှမ်း၏ဆိုင်ရှေ့မှာ အမျိုးသားများသည် သူမ ပြသထားသည့် သေတ္တာများကို ကောက်ယူလိုက်၏။ သူတို့ အထဲမှပစ္စည်းကို မြင်လိုက်ပြီးနောက် မေးလိုက်လေသည်။

“ ဘာတွေရောင်းနေတာလဲ”

ကျိုးယွမ်ချွမ်က ပြန်ဖြေလိုက်သည်။

“ ရှီးပတီးတွေပါ၊ မနေ့ကမှတူးခဲ့တာ”

ပထမမိန်းမ၏အသံသည် အနီးအနားမှ လူများ၏အာရုံကို ဆွဲဆောင်နေပြီးဖြစ်လေသည်။ အဘိုးကြီးတစ်ယောက်သည် ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now