အပိုင်း (၁၇၆) ကြယ်စုံတဲ့ည (၁)

2.6K 271 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၇၆) ကြယ်စုံတဲ့ည (၁)

<<ငါက သရုပ်ဆောင်တစ်ယောက် ပဲမဟုတ်ဘူး>>အစီအစဥ်ကို အရှေ့တောင်ပိုင်းရှိ တောင်ပေါ်ရွာလေး တစ်ရွာတွင် ရိုက်ကူးထားသည်။ သယ်ယူပို့ဆောင်ရေး ခက်ခဲသည့်အတွက်ကြောင့် ထိုနေရာသည် ဆင်းရဲနွမ်းပါးမှု သက်သာစေရန် ရည်ရွယ်ထားသည့် အဓိကနေရာများထဲမှ တစ်နေရာဖြစ်ပေသည်။

အားလုံးသည် လေယာဥ်ပေါ်မှ ဆင်းသည်နှင့် တောတွင်းမောင်းနှင်ရသည့်ကားကိုစီးကာ နှစ်နာရီခန့် ခရီးဆက်ခဲ့ကြ၏။ ထို့နောက် တောင်ပေါ်လမ်းလေးတစ်ခုကို တက်ကာ နောက်ဆုံးတွင် ရွာကို ရောက်လာတော့သည်။

တာဝန်များကို ရောက်သည့်နေ့ နေ့လယ်တွင်ပင် စတင်လိုက်ပြီး နောက်တစ်နေ့ နေ့လယ် ၁၂နာရီတွင် ပြီးဆုံးမည်ဖြစ်သည်။ ထို ၂၄နာရီအတွင်း အားလုံးသည် ပထမအပိုင်းတွင် ရှာဖွေရရှိခဲ့သည့် ရံပုံငွေများကို အသုံးပြုနိုင်၏။ သူတို့သည် ရွာသားများဆီမှ နှစ်သက်သဘောကျမှုကို ရရှိနိုင်ရန် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုလည်း လုပ်နိုင်လေသည်။

ပြီးခဲ့သည့် အကြိမ်ကကဲ့သို့ပင် လူတိုင်းကို အဖွဲ့ သုံးဖွဲ့ခွဲထား၏။ သို့သော် ဧည့်သည်အသစ်များအတွက် မျှတစေရန် ယဲ့ဖေးချန်းနှင့် လုပေ့ကဲတို့သည် တစ်ဖွဲ့စီ၏တာဝန်များကို ဆောင်ရွက်ပေးရပေလိမ့်မည်။ ပြီးခဲ့သည့် အပိုင်းကဲ့သို့ပင် သူတို့သည် တစ်ဖွဲ့စီကို နှစ်နာရီ တစ်လှည့်စီ ကူညီပေးရပေမည်။

ရှင်းဝမ်ရွှမ်း၏အဖွဲ့သည် ပထမပိုင်းတွင် ရံပုံငွေလုံလောက်စွာ မရှာနိုင်ခဲ့သဖြင့် ကိုးယိုးကားရာအနိုင်ဆုံး ဖြစ်နေ၏။ ထို့ကြောင့် သူတို့သည် ရွာသားများထံမှ ကောင်းမွန်သည့်အမြင်တစ်ခု ရချင်လျှင် သူတို့၏အရည်အချင်း အစစ်အမှန်အချို့ကို ချပြရပေလိမ့်မည်။

ချောင်မော့ယွီသည် ငွေက လူတို့၏စိတ်ကို သိမ်းပိုက်နိုင်မည်မဟုတ်ဘဲ စိတ်ရင်းမှန်ကသာ အနိုင်ရမည်ကို နားလည်ထားပေသည်။

သည်တစ်ကြိမ်သည် ရွာထဲတွင် တည်းခိုခန်းများ မရှိသဖြင့် နေရာထိုင်ခင်းမှာ ပြီးခဲ့အကြိမ်ကလောက် သက်သောင့်သက်သာမရှိလှပေ။ ဧည့်သည်များနှင့် ရိုက်ကူးရေးအဖွဲ့သားများ ဟိုတယ်တွင် တည်းခိုကြလျှင်ပင် အခန်းလွတ်များ ကျန်လိမ့်မည်မဟုတ်ပေ။ ကံအားလျော်စွာ ရွာတောင်ပိုင်းတွင် တည်းခိုရန် နေရာရခဲ့၏။ ရွာသူကြီးသည် ရွာရှိ နှစ်ခန်းတည်းသော စာသင်ခန်းများကို စုပေါင်းအိပ်ခန်းအဖြစ် ပြောင်းလိုက်ပြီး အမျိုးသားအတွက်တစ်ခန်းနှင့် အမျိုးသမီးများအတွက်တစ်ခန်း ပြင်ဆင်ပေးလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now