အပိုင်း (၅၁) ဆံပင်နုတ်ခြင်း (၃)

4K 414 3
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၅၁) ဆံပင်နုတ်ခြင်း (၃)

ထိုသို့ပြောလိုက်ပြီးနောက် သူမ၏ခြေထောက်ကို မ,လိုက်ပြီး ရှင်းရီချန်၏ခြေထောက်ပေါ်သို့ အားနှင့် ဆောင့်နင်းလိုက်တော့သည်။

သူမ၏ ဒေါက်မြင့်ဖိနပ်နှင့် ထပ်ပေါင်းထည့်လိုက်သော သိုင်းလေ့ကျင့်သူတစ်ယောက်၏အားတို့က ရှင်းရီချန်ကို ချက်ချင်းလိုပင် နောက်သို့ ခြေနှစ်လှမ်းဆုတ်သွားစေလိုက်သည်။ ထိုလူသည် စကားမပြောနိုင်တော့လာက်အောင် နာကျင်မှုကို ခံစားလိုက်ရသည်။

ချောင်မောယွီသည် သူမ၏လက်ထဲမှ ဆံပင်များကို တင်းကျပ်နေအောင် ဆုပ်ထားပြီး ထွက်သွားတော့သည်။

သူမ၏နောက်တွင် ရှင်းရီချန်သည် ဟန်ပါပါနှင့် ထွက်သွားသည့်သူမကို ကြည့်ကာ လက်သီးကို တင်းကျပ်အောင် ဆုပ်ထားလိုက်လေသည်။

အမယ် သူမကများ ငါ့ကို ဒါနဲ့ပတ်သက်ပြီး နောင်တရလိမ့်မယ် ဟုတ်လား။ သူဘယ်သူလဲဆိုတာ သူမ သိကောသိရဲ့လား။ ဟာသပဲ။

ဒီနေ့ လူရွေးပွဲမှာ ရို့ဟွမ် အရွေးခံရပြီး ချောင်မော့ယွီ ပ ထုတ်ခံရရင် အဲကောင်မလေး ဘယ်လိုအမူအရာမျိုး ဖြစ်သွားမလဲ မြင်ချင်လိုက်တာ။

စိတ်လှုပ်ရှားစရာ ကောင်းသည်မဟုတ်ပါလား။

ထိုအချိန်တွင် စောင့်ဆိုင်းခန်း၌ ချောင်မော့ယွီသည် သူမထိုင်ခုံတွင် ပြန်ထိုင်လိုက်ကာ ဆံချည်မျှင်များကို သူမ၏အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်လေသည်။ သူမ၏အိတ်ကို ဇစ်ပိတ်လိုက်ချိန်တွင် အပြင်ဘက်မှ ဆူညံ့သံများ နောက်တစ်ကြိမ် ထပ်ထွက်လာသည်ကို ကြားလိုက်ရသည်။

ရုတ်တရက် ထွက်ပေါ်လာသော အာမေဍိတ်သံတစ်ခုသည် အားလုံး၏ အာရုံကို ဖမ်းဆုပ်လိုက်လေသည်။

“ဘုရားရေ၊ ရုပ်ရှင်လောကရဲ့ဧကရာဇ်ယဲ့ လာတာဟဲ့”

များမကြာမီက ယဲ့ဖေးချန်းသည် သူ့အဖေ ထူးထူးဆန်းဆန်း ပြုမူနေသည်ကို ခံစားမိလိုက်သည်။

အတိတ်ကာလက သူ့အဖေသည် သူက သရုပ်ဆောင်အကြောင်း ပြောလိုက်တိုင်း သူ့ကို အော်ငေါက်နေတတ်သော်လည်း လတ်တလောတွင် ဖေကြီးယဲ့က သူ ဘယ်ဒရာမာတွင် သရုပ်နေဆောင်နေသည်ကို ဦးစွာမေးလာခဲ့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now