အပိုင်း (၅၆) မျိုးရိုးဗီဇစစ်ဆေးမှုရလဒ် (၂)

4.3K 420 0
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၅၆) မျိုးရိုးဗီဇစစ်ဆေးမှုရလဒ် (၂)

ထိုအချိန်တွင် အပြင်ဘက်မှာ လှုပ်ရှားမှုတစ်ခု ဖြစ်သွား၏။ လော့လော့လေးသည် ပြေးဝင်လာကာ သူမ၏လက်ထဲမှာ မှတ်တမ်းကို သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။ သူလေး၏ ပျော့ပြောင်း ချောမွေ့သံဖြင့် ပြောလိုက်လေသည်။

" မာမားရဲ့ ဇာတ်ညွှန်းပဲ"

ချောင်မော့ယွီသည် သူမ သယ်လာသမျှ စာရွက်များကို ဇာတ်ညွှန်းဟုခေါ်ပြီး သူမအတွက် ငွေရစေကာ လော့လော့လေးအတွက် ပစ္စည်းကောင်းများကို ဝယ်ပေးနိုင်သည်ဟု လော့လော့လေးကို သင်ပေးခဲ့ဖူးသည်။ ထို့ကြောင့် ကောင်ကလေးသည် သူ့မာမား၏ ပစ္စည်းများကို ဘယ်တော့မှ မထိချေ။ စာရွက်များ အောက်တွင် ကျနေသည်ကိုတွေ့လျှင် သူ့မာမားကို ကူကောက်ပေးလိုက်ပြီး သူမထံ ပြန်လာပေးတတ်သည်။

သည်တစ်ကြိမ်တွင် ချောင်မော့ယွီသည် ခေါင်းခါပြလိုက်ပြီး လော့လော့လေးကို သိမ့်မွေ့စွာ ပြုံးပြလိုက်၏။

" ဟင့်အင်း ဒါက ဇာတ်ညွှန်းစာရွက် မဟုတ်ဘူး၊ ဒါက သက်သေခံ အထောက်ထားလက်မှတ်လေ"

ပိုးတုံးလုံးလေးသည် ထောက်ခံလက်မှတ်တစ်ခု ဆိုသည်ကို ဘာမှန်းမသိချေ။ သူလေးသည် ချောင်မော့ယွီကို သူ့မျက်လုံးဝိုင်းလေးများဖြင့် သိလိုစိတ်ပြင်းစွာ ကြည့်နေတော့သည်။

တခဏစဥ်းစားလိုက်ပြီး ချောင်မော့ယွီက မေးလိုက်လေသည်။

"လော့လော့လေး သားရဲ့ ဖေဖေဘယ်သူလဲဆိုတာ စဥ်းစားဖူးလားဟင်"

ကောင်လေးသည် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြလိုက်၏။

" လော့လော့ သိတယ်၊ လော့လော့မှာ ဓာတ်ပုံရှိတယ်"

ပြောလိုက်ရင်း သူလေးသည် ချောင်မော့ယွီ၏ လက်မောင်းထဲမှာ ထွက်သွားပြီး သူလေး၏အခန်းသို့ အရှိန်ဖြင့် ပြေးဝင်သွားလေသည်။

မကြာလိုက်ပေ။ လော့လော့လေးသည် ပြန်ရောက်လာပြီး သူလေး၏ ပြည့်ဖောင်းနေသော လက်သေးသေးထဲတွင် သစ်သားဘောင်တစ်ခုကို ကိုင်ထားသည်။ သူလေးသည် ထိုဓာတ်ပုံဘောင်ကို သူမထံ ဝမ်းပန်းတသာ လှမ်းပေးလိုက်ပြီး စိတ်အားထက်သန်မှုအပြည့်ဖြင့် ပြောလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now