အပိုင်း (၁၁၇) သူမရဲ့ခေါင်းကိုပုတ်လိုက်တယ် (၃)

3.6K 424 2
                                    

ဘာသာပြန်သူ Yuuki
117

အပိုင်း (၁၁၇) သူမရဲ့ခေါင်းကိုပုတ်လိုက်တယ် (၃)

သူသည် အသက် ၁၇နှစ်အရွယ်တွင် နေရာတစ်ခုသို့သွားခဲ့ပြီးနောက် ထိုနေရာရှိ အဆောက်အဦ မီးလောင်စဥ်က သူစိမ်းအမျိုးသမီးတစ်ဦး၏ ကယ်တင်ခြင်းကို ခံခဲ့ရသည်။ သူသည် အန္တရာယ်ကင်းစွာဖြင့် ပြန်ရောက်လာချိန်တွင် ချောင်မော့ယွီသည် နိုင်ငံခြားသို့ ကျောင်းတက်ရန် သွားလိုက်သည့်သတင်းကို ကြားခဲ့ရသည်။

၆လကြာသည်အထိ သူမသည် သူ့အား လုံးဝမဆက်သွယ်ခဲ့ချေ။ သူမသည် သူ့ကမ္ဘာကြီးထဲမှ လုံးဝပျောက်ကွယ် သွားသည့်နှယ်။

သူမ မရှိသည့်ကာလအတွင်း သူသည် သူ့ကိုဒေါသထွက်ကာ သည်းမခံနိုင်ဖြစ်စေသည့် သူမ၏အပြုံးကို မကြာခဏ သတိရနေတတ်လေသည်။ ထိုဒေါသစိတ်သည် တဖြည်းဖြည်း အမြစ်တွယ်လာပြီးနောက် အမုန်းတရားအဖြစ် ပြောင်းလဲသွားတော့သည်။ ချောင်မော့ယွီသည် သူ့ကို ကယ်ခဲ့သည့် မိန်းကလေးလောက်ပင် ထုတ်ပြောရန်မတန်ဟု သူ့ကို ခံစားရစေတော့သည်။

သူမှန်ခဲ့လေသည်။ သူမ၏အချစ်မှာ အပေါစားဆန်လွန်းလှသည်။ ယဲ့ဖေးချန်းကဲ့သို့ လူကောင်းတစ်ယောက်နှင့် တွေ့လိုက်ရချိန်တွင် သူမသည် သူ့ကိုချစ်မြတ်နိုးခြင်းကို ချက်ချင်း လက်လျှော့လိုက်ရလောက်အောင် အပေါစားဆန်လွန်းလေသည်။

ရှင်းရီချန်အတွက် သူမ၏အပြုံးသည် သူ့ကို လှောင်ရယ်နေခြင်းတစ်မျိုးဖြစ်လေသည်။ ထိုအပြုံးသည် ထိုနှစ်က သူမ နိုင်ငံခြားတွင် ကျောင်းသွားတက်ရန် ထွက်သွားသည့်အချိန်ကို ပြန်သတိရနေစေလေသည်။

ရှင်းရီချန်သည် သူ့နှလုံးသားထဲမှ ထိုးထွက်လာသည့် စိတ်နှလုံးမသာမယာခြင်းကို အကောင်းဆုံး ကြိုးစား လျစ်လျူရှုထားလိုက်၏။ သူသည် အီးမေလ်းစစ်ရန် ဘေးတစ်ဖက်သို့ လှည့်ထွက်သွားကာ စိတ်တည်ငြိမ်အောင် လုပ်လိုက်လေသည်။

သူ့အီးမေးလ်ကို စာပြန်နေစဥ် တစ်စုံတစ်ယောက်သည် သူ့အနားရောက်လာတော့သည်။

“ကိုကို”

ရှင်းဝမ်ရွှမ်း တီးတိုးပြောလိုက်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now