အပိုင်း (၄၉) ဆံပင်နုတ်ခြင်း (၁)

4.1K 389 4
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၄၉) ဆံပင်နုတ်ခြင်း (၁)

‘ခိုင်ကွမ်း သခင်ကြီး’ အသက်မွေးလုပ်ငန်းသည် သည်ကမ္ဘာတွင် ရှိမရှိကို ချောင်မော့ယွီ သေချာမသိပါ။ သူမသည် ဝတ္ထုဖတ်စဥ်က ထိုအသေးစိတ်အကြောင်းအရာကို တစ်ခါမှ အာရုံမစိုက်ဖူးချေ။ သို့သော် သည်အကြောင်းက ဇာတ်လမ်းတွင် မပါဟု မဆိုလိုပေ။

(ခိုင်ကွမ်း ဆိုတာ နတ်ရုပ်တု တစ်ခုရဲ့ တရုတ်အခေါ်အဝေါ်ဖြစ်ပြီး ခိုင်ကွမ်းရဲ့ မူရင်းအဓိပ္ပာယ်က “ အလင်းပြပေးခြင်း”တဲ့။ ဗုဒ္ဓဘာသာ နဲ့ တာအိုဘာသာ ယုံကြည်သူတွေ ပြုလုပ်လေ့ရှိတယ်)

နောက်ဆုံး သူမသည် ‘ရှန်းရှီ’ ရိုက်ကွင်းသွားခဲ့သောအချိန်က ဝန်ထမ်းတစ်ယောက်က သူတို့မိတ်ဆက်ရန်အတွက် နေ့ကောင်းတစ်ရက် ကူရွေးခိုင်းသည်ကို သူမ ပြန်သတိရသွားတော့သည်။

ထို့ကြောင့် ချောင်မော့ယွီသည် ဒရာမာအသစ်တစ်ခုကို အွန်လိုင်းပေါ်တွင် စစ်ကြည့်လိုက်ပြီး သူမ၏ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။

ဒီပိတ်ရက်မှာ ဘတ်ဂျက်ရုပ်ရှင်တစ်ခုက ရုပ်ရှင်ရုံကြီးအားလုံးမှာ ရုံတင်ပြသလိမ့်မယ်။ ဒီရုပ်ရှင်က နာမည်ကြီး ဒါရိုက်တာက ရိုက်တာမဟုတ်သလို သရုပ်ဆောင်ကလဲ နာမည်ကြီး တစ်ယောက်မဟုတ်ဘူး။ ရုပ်ရှင်ကို နာမည်ကြီး ရုပ်ရှင်ရုံတော်တော်များများက ထုတ်လွှင့်ပေးဖို့ ငြင်းဆိုထားတဲ့ အွန်လိုင်းသတင်းတွေလဲရှိပေမဲ့ တခြားရုပ်ရှင်ရုံတွေကတော့ တစ်ပတ်အတွင်း ဖြုတ်မချခင် တစ်ရက်ကို နှစ်ကြိမ်ပြသပေးမယ်လို့ လက်ခံထားတယ်။

သည်ရုပ်ရှင်၏ တရားဝင်ဘလော့ဂ်သည် ကြေငြာချက်များကို နေ့စဥ် ထုတ်နေသော်လည်း အောက်တွင် ဝေဖန်ချက် အနည်းငယ်သာရှိကာ ဧည့်သည်များမှာလည်း မရှိသလောက်ပင်။

ခြုံပြောရလျှင် ဖျားနာနေတဲ့လူက ဆေးရုံစားရိတ်အတွက် ပူပန်မနေဘဲ ဆေးရုံကို တန်းသွားရမယ်ဟူ၍ အဆိုရှိလေသည်။ ချောင်မော့ယွီသည်လည်း ထိုကြံရာမရဖြစ်နေသော ဝယ်ယူသူများကို သဘာဝကျကျ စတင် ရှာဖွေလိုက်တော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now