အပိုင်း (၉၆) နှိုင်းယှဥ်ခြင်းများ (၁)

3.5K 400 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၉၆) နှိုင်းယှဥ်ခြင်းများ (၁)

ရှင်းဝမ်ရွှမ်းနှင့် ချောင်ရို့ဟွမ်တို့ ထွက်သွားသည်ကို ကြည့်ရင်း ချောင်မော့ယွီသည် ချင်းချန်ချန်ကိုခေါ်ကာ သူတို့အတွဲသည် တောင်ပေါ်သို့ အတူတူ တက်သွားလိုက်ကြသည်။

ချင်းချန်ချန်သည် မင်းသမီးသစ်တစ်လက်ဖြစ်ပြီး အသက် ၁၉နှစ်သာရှိသေးသည်။ လက်ရှိတွင် သူမသည် ရုပ်ရှင်ကျောင်းမှ ကျောင်းသူတစ်ယောက်လဲဖြစ်ပြီး အရင်က နန်းတွင်းဒရာမာတစ်ခုတွင် သရုပ်ဆောင်ခဲ့သည်။

မြို့တော်တွင် ကြီးပြင်းလာသူတစ်ယောက်ဖြစ်သည့်အတွက် ဤသို့တောင်တက်ခြင်းကို တစ်ခါမှ မကြုံဖူးရာ ပထမတွင် သူမအတွက် အလွန်ကောင်းမွန်သော အတွေ့အကြုံတစ်ခုဖြစ်လေသည်။

ပြိုင်ပွဲတစ်ခုလုံး၏ ခက်ခဲမှုကို တိုးမြှင့်ရန် ရိုက်ကူးရေးအဖွဲ့ဝင်များသည် သူတို့တည်းခိုရိပ်သာသို့ ရောက်ကတည်းက သရုပ်ဆောင်များ၏ဆဲလ်ဖုန်းများနှင့် ပိုက်ဆံများကို သိမ်းထားလိုက်သည်။ သို့နှင့် ချောင်မော့ယွီအပါအဝင် ကျန်သရုပ်ဆောင်များသည် နှစ်ရက်အတွင်း ရောက်လာမည့်စျေးတွင် ရောင်းချနိုင်မည့် ပစ္စည်းများကို စုဆောင်းရန် လိုအပ်သည်။ သို့သော် သူတို့သည် သည်နေ့ညစာအတွက် ချက်ပြုတ်ရန် တောင်ပေါ်တွင် ချက်ပြုတ်စရာများကိုလဲ ရှာရန်လိုအပ်သေးသည်။

ကင်မရာကို လိုက်ဖ်လွှင့်သည့်ဘက်သို့ ပြောင်းထားသောကြောင့် အသင်း ၃သင်းလုံးကို ရုပ်သံလွှင့်ခန်းမှ မြင်နိုင်သည်။

ရှင်းဝမ်ရွှမ်းသည် ပထမအသင်းတွင်ရှိပြီး ချောင်ရို့ဟွမ်မှာ ဒုတိယအသင်းတွင်ရှိနေစဥ် ချောင်မော့ယွီသည် တတိယအသင်းတွင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ချောင်မော့ယွီ၏လိုက်ဖ်တွင် ကြည့်ရှုသူ သုံးထောင်ကျော်ရှိနေသည်။ ဒါသည် ပထမနှစ်သင်းနှင့် ယှဥ်လျှင် ကြည့်သူမများသေးချေ။

သို့သော် ထိုအတွဲမှာ စိတ်ထဲတွင်မထားချေ။ သူတို့သည် အပြင်ထွက်လည်ပြီး ပတ်ဝန်းကျင်မှ ရှုခင်းများကို လေ့လာကြည့်ရှုသည်ဟုသာ သဘောထားလိုက်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now