အပိုင်း ( ၁၈၄) အနမ်းတစ်ခုအစပြုခြင်း (၂)

1.6K 193 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း ( ၁၈၄) အနမ်းတစ်ခုအစပြုခြင်း (၂)

အမျိုးသမီးတစ်ယောက်သည် အိမ်ထဲမှ ထွက်လာပြီး ချောင်မော့ယွီကို ကျေးဇူးတင်စကားဆိုလိုက်၏။

“ မိန်းကလေးမော့ယွီ ကျေးဇူးပါတယ်ကွယ်၊ နင့်ကြည့်ရတာ အရမ်းသိမ်မွေ့သလိုနဲ့ ငါ့ယောက်မထက်တောင် ပိုပြီး လုပ်နိုင်သေးတယ်၊ ယုံတောင်ယုံနိုင်ဘူး”

ချောင်မော့ယွီသည် ပြုံးပြလိုက်ပြီးနောက် ပြေလျော့နေသည့်သူမ၏ဆံပင်ကို ပြင်ချည်လိုက်လေသည်။

နောက်ဆုံးနာမည်ကြီးယှဥ်ပြိုင်မှုကို သည်မနက်တွင် ကျင်းပပေလိမ့်မည်။ သည်တစ်ကြိမ်တွင် ချောင်မော့ယွီအဖွဲ့ကို ကူညီပေးမဲ့သူမှာ လုပေ့ကဲ ဖြစ်၏။

သူသည် အသံသွင်းစက်တစ်လုံးကို ဘူလာပြီး စတင်ဖွင့်လိုက်လေသည်။ သူ့လုပ်ရပ်သည် ရွာသားအနည်းငယ်ကို တော်တော်စိတ်ဝင်စားသွားစေသည်။

ချောင်မော့ယွီသည် သူ တူရိယာများကို တီးမှုတ်တတ်သည်ကို သိထားပြီးလေသည်။ သူသည် သီချင်းရေးရမည်ဆိုလျှင် အလွန်လေးလေးနက်နက်ရှိလေသည်။ တစ်ခါတစ်ရံ သူသည် အယ်လ်ဘမ်တစ်ခု ဖန်တီးလျှင် ပါဝင်သည့် သီချင်းအားလုံးကို သူကိုယ်တိုင် ရေးစပ်တတ်လေသည်။

ယခုမူ သူသည် ကျေးလက်တေးတစ်ပုဒ်ကို ဖွဲ့သီနေပြီး သူ့ဖျော်ဖြေမှုက သူ့ဘေး၌ရှိသည့် ရွာသားများကို မှင်တက်သွားစေ၏။

အခြားအသင်းမှာ အဖွဲ့ဝင်များပင်လျှင် သူ့ဖျော်ဖြေမှု၏ဆွဲဆောင်ခြင်း ခံလိုက်ရလေသည်။ သူတို့သည် လုပ်နေသည့်အရာများကို ရပ်လိုက်ပြီး သူ့သီချင်းကို နားထောင်လိုက်ကြသည်။ သူ့ဘေးမှလူများသည် သီချင်းနားထောင်ရင်း သူ့ကို စက်ဝိုင်းပုံဝိုင်းထားလိုက်ကြလေသည်။

သီချင်းပြီးသွားသည်နှင့် လုပေ့ကဲသည် သူ့ကိုဝန်းရံထားသည့်သူများကို ပြုံးပြလိုက်၏။ သူသည် နောက်တစ်ပိုင်းဖျော်ဖြေဟန်ပြင်လိုက်စဥ်တွင် တစ်စုံတစ်ယောက်၏ဖုန်းသည် ထမြည်လာပြီး သူ့ကို နှောင့်ယှက်လိုက်တော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now