အပိုင်း (၁၀၇) အတိတ်ကိုစုံစမ်းခြင်း (၂)

3.8K 401 7
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
107
အပိုင်း (၁၀၇) အတိတ်ကိုစုံစမ်းခြင်း (၂)

မိန်းမများသည် ရေချိုးလျှင် အချိန်အကြာကြီးယူလေ့ရှိကြသည်။ ချောင်ရို့ဟွမ်သည် ရေချိုးပြီးနောက် မိတ်ကပ်လိမ်းလိုက်ပြီး တစ်ဖျတ်ဖျတ်လက်နေသောမျက်လုံးများနှင့် သူမ၏လှပသောပုံရိပ်ကို မှန်ထဲကိုကြည့်လိုက်လေသည်။

ယောကျ်ားတွေက အသဲနှလုံးမရှိတဲ့ သတ္တဝါတွေပဲ။

စာအုပ်တစ်အုပ်တွင် ထိုသို့ရေးသားထားသည်။

ယောက်ျားတိုင်းမှာ အနည်းဆုံးတော့ မိန်းမနှစ်ယောက်ရှိကောင်းရှိနိုင်တယ်တဲ့။ နှင်းဆီနီတစ်ပွင့်ကို လက်ထပ်လိုက်ပါ။ နောက်ဆုံးတော့ သူမက နံရံပေါ်က ခြင်သွေးအရာတစ်ခုဖြစ်သွားပြီးတော့ တစ်ချိန်ထဲမှာပဲ အဖြူရောင်တစ်ပွင့်၊ ငါ့အိပ်ရာရှေ့က လရောင်လေးဖြစ်နေပြန်ရော။ အဖြူရောင်တစ်ပွင့်ကို လက်ထပ်လိုက်ပါ။ သိပ်မကြာခင်မှာပဲ သူမဟာ မင်းရဲ့အင်္ကျီတွေမှာ ကပ်နေမဲ့ ကောက်ညင်းဆန်စေ့တစ်စေ့ သာဖြစ်တော့တယ်တဲ့။ ဒီနောက်မှာတော့ အနီရောင်တစ်ပွင့်ဟာ မင်းရဲ့နှလုံးသားပေါ်က လှပတဲ့ကြက်သွေးရောင် အမှတ်အသားလေးတစ်ခု ဖြစ်သွားတယ်”

(T/N : အိုင်လင်းချန်း ရေးသားတဲ့ နှင်းဆီနီ နှင်းဆီဖြူ ....p.s လရောင် = အချစ်ဦး)

အစတုန်းကတော့ ချောင်မော့ယွီက ရှင်းရီချန်ဘေးက တဖျတ်ဖျတ်ပျံသန်းနေတဲ့ စက်ဆုပ်စရာ လိပ်ပြာတစ်ကောင်လိုပဲ။  သူ့အတွက်တော့ ဒီကောင်မလေးက ရွံစရာကောင်းတဲ့ ခြင်သွေးထက် မပိုပါဘူး။

ဒါပေမဲ့ ဒီမိန်းမက ရှင်းရီချန်ရဲ့မျက်လုံးအောက်ကို ရုတ်တရက် ချော်ဝင်လာပြီး သူ့ကိုလာဆွနေတာလေ။

သူမက တကယ်ပဲ သူ့ရဲ့အချစ်ဦး ဖြစ်လာဖို့ကြိုးစားနေတာလား။

ဟ ဟ သူမမှာ အခွင့်အရေးတစ်ခုတောင်မရှိရှာပါဘူး။

ချောင်ရို့ဟွမ်သည် အခန်းအပြင်ဖက်သို့ ဖြည်းညင်းစွာလမ်းလျှောက်ကာ ထွက်လာရာ ရှင်းရီချန်သည် ပြတင်းပေါက်ဘေးတွင်ရပ်ကာ ရှုခင်းကြည့်နေသည်ကို သတိထားမိသွားသည်။ သူ့မြင့်မြတ်သည့် အသွင်အပြင်သည် သူတို့တွေ့စကအတိုင်းပင် ရှိနေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now