အခန်း(၁၆) အွန်လိုင်းပေါ်၌ မုန်တိုင်းထန်ခြင်း (၁)

4.5K 466 0
                                    

ဘာသာပြန်သူ Yuuki

အခန်း(၁၆) အွန်လိုင်းပေါ်၌ မုန်တိုင်းထန်ခြင်း (၁)

ထိုအချိန်၌ ယဲ့ဖေးချန်းက ရယ်မိသားစု၏ အိမ်ခြံဝင်းသို့ ရောက်လာသည်။

ယဲ့ဖေးချန်း၏အဖေသည် အပေါ်ထပ် သူ့စာကြည့်ခန်းထဲ၌ အလွန်အရေးကြီးသည့် ဧည့်သည်နှင့် စကားပြောနေပေသည်။ ယဲ့ဖေးချန်းသည် အောက်ထပ်၌ ထိုင်စောင့်နေရန် ပြင်လိုက်သော်လည်း အစေခံတစ်ယောက်က သူ့ကို

"ဒုသခင်လေး သခင်ကြီးက စာကြည့်ခန်းထဲလာခိုင်းလိုက်ပါတယ်ဗျာ"

ယဲ့ဖေးချန်းက ခေါင်းညိတ်ပြလိုက်ပြီး မော့ကြည့်ချိန်၌ အပေါ်ထပ်မှ ဆင်းလာသည့် သူ့အစ်ကို "ရယ်ဖေးချင်း" နှင့် အကြည့်ချင်းဆုံမိသွားသည်။ ထိုလူ၏နှုတ်ခမ်းများက အပေါ်ဘက်သို့ ချိတ်ဆွဲသွားဟန်ဖြင့် အဓိပ္ပာယ်ပါသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

ညီအစ်ကိုနှစ်ယောက်မှာ အမြဲလိုလို သဘောထားမတိုက်ဆိုင်ကာ မတည့်ကြပေ။ ယဲ့ဖေးချန်း အိမ်ကို လာလည်သည့်အခါတိုင်း သူ့အဖေ၏စာကြည့်ခန်း၌ အမြဲ ဒေါသတကြီး အဆူခံရသည့်အချိန်တိုင်း ရယ်ဖေးချင်းက စိတ်ပျော်ရွှင်နေလေ့ရှိသည်။

ယဲ့ဖေးချန်းက သူ့ကို လျစ်လျူရှုလိုက်ပြီး အပေါ်ထပ်ကိုသာ အေးအေးဆေးဆေး တက်သွားခဲ့သည်။

ထိုနောက် ယဲ့ဖေးချန်းက အခန်းတံခါးခေါက်လိုက်ပြီး "ဝင်လာခဲ့"ဆိုသည့်စကားကို ကြားသည်နှင့် စာကြည့်ခန်းအတွင်းသို့ ဝင်သွားလိုက်သည်။ ဝင်သွားလိုက်သည်နှင့် ချက်ချင်း အသက်ခြောက်ဆယ်ခန့်ရှိမည့် တရုတ်ရိုးရာဝတ်စုံ ဝတ်ထားသည့် လူကြီးတစ်ယောက်ကို သတိပြုမိလိုက်သည်။ ထိုလူကြီး၏ မျက်ဝန်များက ယဲ့ဖေးချန်းကို ခေါင်းမှခြေအဆုံး စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်လေတော့သည်။

"အဖေ"

ယဲ့ဖေးချန်းက နှုတ်ဆက်လိုက်သည်။

"ဖေးချန်း ဒီဘက်က မစ္စတာဟွမ်လေ"

သူ့အဖေက စမိတ်ဆက်ပေးရင်း

"မစ္စတာဟွမ်က ဖုန်းရွှေပညာမှာ နာမည်ကြီးဆရာတစ်ယောက်လေ။ ပြီးတော့ မျက်နှာဖတ်ပြီး ရှေ့ဖြစ်ဟောတဲ့နေရာမှာ တရုတ်ပြည်က ဆရာတစ်ဆူပဲ။ ဒီမြို့တော်ကို သူလာတာရှားတော့ မစ္စတာဟွမ်ကို ငါတို့ရဲ့ပရောဂျက်အသစ်အတွက်အကူညီတောင်းဖို့ ဖိတ်လိုက်တာ"

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now