အပိုင် (၁၇၇) ကြယ်စုံတဲ့ည (၂)

1.7K 236 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင် (၁၇၇) ကြယ်စုံတဲ့ည (၂)

ထိုအချိန်တွင် ဟွမ်ချူသည် ရွာသူကြီးအနားသို့ လျှောက်သွားလိုက်ပြီး ပြောလိုက်၏။

“ရွာသူကြီး ကျုပ် ခင်ဗျားနဲ့ သီးသန့်စကားပြောလိုက်ရမလား”

ရွာသူကြီးသည် ဤလူမှာ ထန်ဝတ်စုံ ( တရုတ်ရိုးရာအနွေးထည်) ကို ဝတ်ထားပြီး သူ့အသွင်အပြင်မှာလည်း အထိန်းအမှတ်ခန်းမတွင် ဝတ်ပြုတတ်ကြသည့် ဘိုးဘွားများနှင့် ဆင်တူနေသည်ကို သတိပြုလိုက်မိ၏။ ထို့ကြောင့် သူသည် အလျင်အမြန် ခေါင်းညိတ်ပြလိုက်ပြီးနောက်  ပြောင်းခင်းမှထွက်လာကာ ဟွမ်ချူနောက် လိုက်သွားလိုက်လေသည်။

ကင်မရာမန်းသည် ချောင်မော့ယွီနောက်လိုက်ရင်း ရိုက်ကူးနေသဖြင့် ထိုအမျိုးသားနှစ်ယောက် ဆွေးနွေးနေကြသည်ကို မည်သူမှ မသိလိုက်ပေ။

ဟွမ်ချူက ပြောလိုက်၏။

“ ကျုပ် ဒီရွာကို ရောက်စက လေထုက အရမ်းလတ်ဆတ်တာကို ခံစားမိတယ်၊ ဒီရွာထဲမှာ ပါရမီထူးနဲ့ မွေးဖွားလာတဲ့သူတွေ ရှိလောက်တယ်”

ရွာသူကြီးသည် သက်ပြင်းချလိုက်၏။

“ ဟုတ်ပါတယ်ဗျာ၊ ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေအများစုက တော်ဝင်စာမေးပွဲမှာ ထိပ်တန်းအဆင့် အောင်မြင်ခဲ့ကြသူတွေပါ၊ ဒါပေမဲ့ ကျွန်တော်တို့တွေမှာ မျိုးဆက် တစ်ခုပြီး တစ်ခု ကျဆင်းလာခဲ့တာ၊ ကျွန်တော်တို့တွေ ပျားမွေးဖို့ကြိုးစားတယ်၊ လက်ဖက်ပင်စိုက်ဖို့ ကြိုးစားတယ် ဒါပေမဲ့ ကျွန်တော်တို့တွေ ကိုယ့်ဟာကိုယ်တောင် အစားအစာလုံလုံလောက်လောက်နဲ့ နွေးထွေးတဲ့ အဝဝ်အစားတွေဝတ်ဖို့ မတတ်နိုင်ခဲ့ဘူး၊ ရွာသူကြီးတစ်ယောက်အနေနဲ့ အားလုံးကို စိတ်ဓာတ်ကျအောင်လုပ်မိနေသလို ခံစားရတယ်...”

“ ရွာသူကြီး အခုလို ဖြစ်ရတဲ့ အကြောင်းအရင်းကို သိလား”

ဟွမ်ချူက မေးလိုက်၏။

“ ခင်ဗျာ”

ရွာသူကြီးသည် ဟွမ်ချူ၏မျက်နှာပေါ်တွင် လျှို့ဝှက်နက်နဲသည့် အမူအရာကို နားမလည်နိုင်ဖြစ်သွားပြီး မနေနိုင်တော့ဘဲ မေးလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now