အပိုင်း ( ၁၅၂) ကိုယ့်ကိုမငြင်းပါနဲ့နော် (၁)

2.8K 313 1
                                    

အပိုင်း ( ၁၅၂) ကိုယ့်ကိုမငြင်းပါနဲ့နော် (၁)

မကြာလိုက်ပေ။ ဖေကြီးယဲ့သည် လော့လော့နှင့် ယဲ့ဖေးချန်းတို့၏ဆံပင်များကို ရသွားလေသည်။ သူသည် သူတို့နှစ်ယောက်၏ဆံပင်များကို ပလက်စတစ်အိတ်တစ်ခုစီတွင် ခွဲထည့်လိုက်ပြီးနောက် လက်ဖက်ရည်နှစ်ခွက်ကို ယူလိုက်ခဲ့၏။

“ မိန်းကလေးချောင် ဧည့်ဝတ်မကျေသလိုဖြစ်သွားလို့ အားနာလိုက်တာ”

ချောင်မော့ယွီသည် ပြုံးကာ လက်ဖက်ရည်ခွက်ကို လက်ခံလိုက်၏။

“ ရပါတယ် အန်ကယ်က သိပ်ဧည့်ဝတ်ကျေတာပဲ”

“ဒါက လုပ်သင့်တဲ့အရာပဲလေကွယ်”

ဖေကြီးယဲ့သည် ထိုင်ချလိုက်၏။

“ ယဲ့ဖေးချန်းက ပြောတယ် နှစ်ယောက်သားတွဲနေကြပြီဆို”

ချောင်မော့ယွီသည် အံ့အားသင့်သွားပြီး သူမ၏လက်ထဲမှ လက်ဖက်ရည်ခွက်ပင် ဖိတ်လုနီးပါးဖြစ်သွားတော့သည်။

မေးခွန်းကလဲ ကြောက်စရာကောင်းနေပါလားဟယ်။ ဒါပေမဲ့လဲ ဒါက အရေးကြီးကိစ္စတော့ မဟုတ်တော့ပါဘူးလေ။ တကယ်တော့ ငါလေးလည်း သားလေးရဲ့အကြောင်းကို ရှင်းပြထားပြီးသားမလား။

သူမသည် လက်ဖက်ရည်ကို သောက်လိုက်ပြီးနောက် ပြန်ဖြေရန် စဥ်းစားလိုက်လေသည်။

“ တကယ်တော့လေ ကျွန်မတို့က ရှုတင်တစ်ခုထဲက အဖွဲ့သားတွေဆိုတော့ သူ ကျွန်မကို အများကြီး ကူညီပေးခဲ့ပြီး ဂရုစိုက်ပေးခဲ့ပါတယ်၊ ဒါပေမဲ့ ကျွန်မကတော့ သူ့ကို အစ်ကိုတစ်ယောက်လိုပဲ သဘောထားခဲ့တာပါ...”

အစ်ကိုတစ်ယောက် ဘယ်ဟုတ်လိမ့်မလဲနော် ဦးလေးငယ်လေးတစ်ယောက်ပဲ ဆိုပါတော့။

ချောင်မော့ယွီသည် စိတ်ထဲမှနေ၍ မှတ်ချက်ပေးလိုက်၏။

ဖေကြီးယဲ့သည် စိတ်ထဲတွင် သက်ပြင်းချမိနေတော့သည်။

ကြည့်ရတာ ငါ့သားလေးက မိန်းကလေးတစ်ယောက် ရဖို့တောင် မလုပ်နိုင်သေးပါလား။

သူ ပြန်ဖြေလိုက်၏။

“ဖေးချန်း ဒီကလေးက ပုံမှန်ဆို စကားအများကြီး မပြောတတ်ဘူး၊ သူ့စိတ်လေးကတော့ ကောင်းရှာပါတယ်၊ နောက်ဆို သူ သမီးကို အနိုင်ကျင့်လာရင် အန်ကယ့်ကို လာပြောလို့ရတယ်နော်၊ အန်ကယ် သူ့ကို သမီးအတွက် ရိုက်ပေးမယ်”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now