အပိုင်း (၁၁၅) သူမရဲ့ခေါင်းကိုပုတ်လိုက်တယ် (၁)

3.6K 394 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
115
အပိုင်း (၁၁၅) သူမရဲ့ခေါင်းကိုပုတ်လိုက်တယ် (၁)

လိုက်ဖ်ကိုကြည့်နေကြသည့် ဖန်များသည် ယဲ့ဖေးချန်းက ငါးတစ်ကောင်ပြီး တစ်ကောင် မျှားနေသည်ကိုကြည့်ရင်း အလွန်စိတ်လှုပ်ရှားနေကြလေသည်။

“ဘုရားရေ ငါ့ရဲ့ရုပ်ရှင်ဧကရာဇ် လောင်ကုန်းကလဲ ငါးဖမ်းပညာရှင်တစ်ယောက်ဖြစ်နေမှန်း မသိခဲ့ပါလား၊  ငါးမျှားနေတုန်း သူ့ကျောဖက်မြင်ကွင်းက သိပ်ခန့်ညားတာပဲ ၊ အသေချစ်သွားပြီ”

“ ငါ အရင်ကတည်းက ပြောခဲ့သားပဲ၊ ချန်းယွီအတွဲက တခြားအတွဲတွေနဲ့ မတူပါဘူးဆို၊ မော့ယွီနဲ့ ရုပ်ရှင်ဧကရာဇ် လောင်ကုန်း နှစ်ယောက်စလုံးက ငါးဖမ်းပညာရှင်တွေလေ၊ သူတို့က တကယ် လိုက်ဖက်တဲ့အတွဲပဲ”

“အင်း သူတို့တွေက အရမ်းလိုက်တာပဲ၊ ဒီအတွက်တော့ ငါ ချန်းယွီဖန်ကလပ်ထဲ ဝင်ရလိမ့်မယ်”

“ဒါနဲ့ စီအီးအိုရှင်းက ဒီနေ့ သိပ်စိတ်မပါသလိုပဲနော်၊ သူ့ကိုကြည့်ရတာ ကင်မရာမန်းထက်တောင် ပိုစိတ်ရှုပ်နေသလိုပဲ...”

“အေး စီအီးအိုရှင်းက မမရို့ဟွမ်ပိုင်တာမလား၊ သူဘာလို့ ငါတို့ ချန်းယွီအတွဲဆီ ရောက်လာတာလဲ၊ သူ ချန်ချန်ကို လိုက်မလို့ ရောက်နေတာများလား”

“အပေါ်ကမှတ်ချက်ပိုင်ရှင်ရေ တာဝန်မယူနိုင်တဲ့ မှတ်ချက်မျိုး မပေးပါနဲ့နော်၊ ငါတို့ချန်ချန်က ဒီဝန်ထုပ်ကြီးကို မထမ်းနိုင်ဘူး *တုန်ယင်နေသည့်ပုံ*”

“ဥက္ကဋ္ဌရှင်းက ငါးစားချင်လို့ လာတာဖြစ်ရမယ်၊ ကြည့်လေ၊ သူငါးကို ကြည့်လိုက်တိုင်း သူ့မျက်လုံးတွေက အရောင်တောက်နေတာပဲ”

“ ဥက္ကဋ္ဌရှင်းက အစားကြိုက်တဲ့သူဖြစ်မယ်ဆိုတာ ထင်တောင်မထားမိဘူး”

“နိုး နိုး နိုး ၊ အစ်ကိုယွီရဲ့ အချက်အပြုတ်လက်ရာက ကောင်းလွန်းလို့ ဥက္ကဋ္ဌရှင်း ဒီဖက်ရောက်လာအောင် ဆွဲဆောင်မိသွားတာနေမယ်”

“အစ်ကိုယွီရေ သူ့ကို လက်ထပ်ဖို့တောင်းဆိုလိုက်ပါ”

“အစ်ကိုယွီ နင့်ကို လက်ထပ်ဖို့ သူ့ကို တောင်းဆိုလိုက်ပါ၊ နင် သူ့မိသားစုရဲ့ဇနီးအဖြစ်နေဖို့ ဆန္ဒရှိတယ်လို့ ပြောလိုက်”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now