အပိုင်း (၁၁၂) မင်းက ဘယ်လိုပဲနေနေလှတယ် (၁)

3.8K 388 4
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
112
အပိုင်း (၁၁၂) မင်းက ဘယ်လိုပဲနေနေလှတယ် (၁)

အစီအစဥ်တင်ဆက်သူသည် အားလုံးမနက်စားပြီးသောအခါ စည်းကမ်းများကို စတင်ကြေညာလိုက်သည်။

အစီအစဥ်အရ အမျိုးသား ဧည့်သည်နှစ်ယောက်က အကူအညီလိုအပ်တဲ့အဖွဲ့တိုင်းကို ကူညီပေးရမယ်။ ပြီးတော့ သူတို့တွေက အဖွဲ့တိုင်းကရရှိထားတဲ့အရာတွေကိုလဲ လျှို့ဝှက်ထားပေးရမယ်။ ည ၉ နာရီကနေ၁၂နာရီအထိ ရှင်းဝမ်ရွှမ်းအဖွဲ့က ယဲ့ဖေးချန်းကို သူတို့ရဲ့ အမျိုးသားအကူအဖြစ် ရွေးချယ်ထားပြီးတော့ ချောင်ရို့ဟွမ်အဖွဲ့ က ရှင်းရီချန်ကို ရွေးချယ်ထားပါတယ်။

နေ့လယ်ပိုင်း ၁နာရီကနေ ၄နာရီအထိ ချောင်မော့ယွီက ယဲ့ဖေးချန်းကို အမျိုးသားဧည့်သည် အကူအဖြစ် ရွေးချယ်ထားပါတယ်။ ညနေ ၄နာရီကနေ ၆နာရီအထိကတော့ တစ်ဖွဲ့စီက ရှာဖွေရရှိထားတဲ့ ပစ္စည်းတွေနဲ့ ညနေစာကို ကိုယ်တိုင်ပြုလုပ်ရမှာပါ။ ယဲ့ဖေးချန်းနဲ့ ရှင်းရီချန်က သုံးဖွဲ့စလုံးကို ကူညီဖို့လိုပါတယ်နော်။

တစ်နေ့တာ ပြီးသွားရင်တော့ အမျိုးသာဧည့်သည်နှစ်ယောက်က တူညီတဲ့တစ်ဖွဲ့ထဲကိုဖြစ်ဖြစ် မတူတဲ့နောက်တစ်ဖွဲ့ကိုဖြစ်ဖြစ် အတူတူစားသောက်ဖို့ ရွေးချယ်နိုင်ပါတယ်။

စည်းကမ်းများကို ရှင်းပြပြီးနောက် အမျိုးသားဧည့်သည်နှစ်ယောက်အပြင် သုံးဖွဲ့လုံးမှ အဖွဲ့ဝင်များသည် သူတို့ဖုန်းမှ ဖုန်းကတ်များကို ထုတ်ပေးလိုက်ကာ အဖွဲ့ခွဲလိုက်ကြတော့သည်။

ချောင်မော့ယွီသည် ချင်းချန်ချန် ပြောပြခဲ့သည့် ချောင်ရို့ဟွမ်နှင့် ရှင်းရီချန်တို့ စကားများခဲ့သည့်အကြောင်းကို ပြန်အမှတ်ရသွားသည်။ အစီအစဥ်မှ တစ်ဖွဲ့စီအတွက် လူခွဲပေးသည့်ပုံစံသည် ပိုအတွင်းကျသည့် အဓိပ္ပာယ်ဆောင်နေသည်ကို မစဥ်းစားဘဲ မနေနိုင်ဖြစ်နေလေသည်။

အားလုံးထွက်ခွာသွားသည်နှင့် ချင်းချန်ချန်သည် ချောင်မော့ယွီ ဘေးသို့လျှောက်လာလိုက်သည်။ သူမ၏စိတ်ထဲတွင် အရင်ကတည်းက မေးခွန်းတစ်ခုရှိနေခဲ့သည်။ ချင်းချန်ချန် အော်ရယ်လိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now