အပိုင်း ( ၁၈၅) အနမ်းတစ်ခုအစပြုခြင်း (၃)

1.8K 214 4
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း ( ၁၈၅) အနမ်းတစ်ခုအစပြုခြင်း (၃)

သူမသည် လည်ချောင်းရှင်းလိုက်ပြီး ခပ်အုပ်အုပ်ရယ်လိုက်၏။

“ အင်း ကျွန်မ သူနဲ့သိတာပေါ့၊ ကျွန်မတို့က တော်တော်ရင်းနှီးတယ်လေ”

ချက်ချင်းလိုပင် လူအားလုံးသည် သူမကို ဝန်းရံထားလိုက်တော့သည်။

“ မော့ယွီ ဒါဆို ငါတို့တွေ သူနဲ့ ဘယ်လိုဆက်သွယ်ရမလဲ၊ ငါလဲ သူ့ဆီက ချီးမြှောက်ခံရချင်တယ်”

ချောင်မော့ယွီသည် သက်ပြင်းချလိုက်၏။

“ အင်း...... သူက အရမ်းကို နှိမ့်ချတာ၊ သူက ပုံမှန်ဆိုရင် ခရီးတွေသွားရတာ သဘောကျတော့ သူနဲ့ အဆက်အသွယ်ရဖို့က မလွယ်ဘူး”

သူမသည် ဘေးမှလူအုပ်ကြီးကို အရူးလုပ်နေလိုက်၏။ လုပေ့ကဲသည် ရုတ်တရက် အကြံတစ်ခု ရသွားလေသည်။

“ ငါ့မှာ တာအိုရသေ့ရဲ့ ဆက်သွယ်ရမဲ့လိပ်စာရှိတယ်”

သူသည် ပြောရင်းဆိုရင်း သူ့ဖုန်းကို ထုတ်လိုက်ပြီးနောက် သူ့ဖုန်း contactsကို မြန်မြန်ရှာကြည့်လိုက်၏။

သူဘာလုပ်ဖို့ ကြိုးစားနေသည်ကို ချောင်မော့ယွီ သတိထားမိသွားပြီး မေ့လဲချင်သလို ဖြစ်သွားတော့သည်။

သူမတွင် ဖုန်းနံပါတ်နှစ်ခုရှိ၏။ တစ်ခုမှာ နေ့စဥ်သုံးအတွက်ဖြစ်ပြီး နောက်တစ်ခုမှ အလင်းဖွင့်ပေးမည့် သူများအတွက် ဖြစ်လေသည်။

သူမသည် ထွက်မလာခင် sim ကတ်နှစ်ခုလုံးကို ဖုန်းထဲတွင် ထည့်ခဲ့မိလေသည်။ ထို့ကြောင့် လုပေ့ကဲက ဖုန်းခေါ်လိုက်ချိန်တွင် သူမ၏စခရင်သည် လင်းလာတော့သည်။

ကံအားလျော်စွာ သူမသည် ခပ်မြန်မြန်တုံ့ပြန်လိုက်ပြီး သူမ၏ဖုန်းကို silent mode ကို ပြောင်းလိုက်၏။

နောက်ဆုံးတွင် ဘယ်သူမှ ဖုန်းလာမကိုင်ပေ။

ပတ်ဝန်းကျင်မှလူအုပ်ကြီးသည် စိတ်ပျက်သွားတော့သည်။ ထိုအချိန်တွင် အစီအစဥ်တင်ဆက်သူသည် အစီအစဥ်ကို ကြည့်ရှုသူများလာအောင် ရိုက်ကူးရမည်ကို သတိပေးလာ၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now