အပိုင်း (၁၆၂) ဒုတိယအကြိမ်စစ်ဆေးမှုမှတ်တမ်း (၂)

3K 341 3
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၆၂) ဒုတိယအကြိမ်စစ်ဆေးမှုမှတ်တမ်း (၂)

ယဲ့ဖေးချန်း၏နှလုံးသားကို နွေးထွေးမှုက လွမ်းခြုံထားလေသည်။ သူသည် ဖုန်းကို ချလိုက်ပြီးနောက် ပြတင်းပေါက်ကို မှီကာ ရပ်နေလိုက်၏။ သူ့မျက်ဝန်းများသည် ဧည့်ခန်းထဲမှ သားအမိနှစ်ယောက်ပေါ်တွင် မခွာတမ်း ငြိမ်ဆိမ်စွာ ကျရောက်သွားတော့သည်။

သူသည် လက်ရှိတွင် ချောင်မော့ယွီအား ကလေးကိစ္စကို မပြောပြနိုင်သေးပေ။ သူသည် အမှန်တရားကို ဖုံးကွယ်ထားလို၍မဟုတ်ဘဲ လက်ရှိတွင် ချောင်မော့ယွီ၏ သူ့အပေါ်ခံစားချက်သည် မနက်ရှိုင်းသေးသည်ကို သိနေသောကြောင့် ဖြစ်လေသည်။ သူသည် လော့လော့၏ ဖခင်ဖြစ်သောကြောင့် မဟုတ်ဘဲ သူသည် ယဲ့ဖေးချန်းဖြစ်သောကြောင့် သူမက သူ့ကို အမှန်တကယ် ချစ်မြတ်နိုးလာသည်ကို မျှော်လင့်ထားသောကြောင့်ပင်။

သူသည် ခံစားချက်များကို တည်ဆောက်ရန် သူ့ကိုယ်ပိုင်မာနကလည်း ရှိနေသေးသောကြောင့် ဖြစ်ဟန်တူသည်။

ချောင်မော့ယွီသည် လော့လော့နှင့် ကစားနေသောကြောင့် သူ့ကို အာရုံစိုက်မနေပေ။

လော့လော့သည် ကြိုးတစ်ချောင်းကို ကိုင်ထားပြီး ချောင်မော့ယွီကို ဖမ်းဆီး ဟန်ဆောင်နေ၏။ ချောင်မော့ယွီသည် သူမ၏လည်ပင်းကို ကျုံ့ထားလိုက်ပြီး ခေါင်းမော့ထား၏။

“ သူရဲကောင်းလော့လော ကျွန်မ အရှုံးပေးပါပြီနော်”

လော့လော့သည် လက်ရှိအခြေအနေကို မြင်လိုက်ပြီး ပြုံးကာ သူ့ရင်ဘတ်ကို ကော့ထုတ်လိုက်ပြီး

“ ဒါဆို အခွန်ခပေးလေ”

ထိုစကားကို ကြားလိုက်သည်တွင် ယဲ့ဖေးချန်း၏ မူလက ရှုပ်ထွေးနေသော စိတ်ခံစားချက်သည် ရပ်တန့်သွားပြီး ဇဝေဇဝါဖြစ်သွားတော့သည်။

ထို့နောက်တွင် ချောင်မော့ယွီသည် သူမ၏အိတ်ကပ်ထဲမှာ ပလက်စတစ်ဒင်္ဂါးပြားလေးကို ထုတ်ကာ ကြောက်ရွံ့သဖြင့် တုန်လှုပ်နေသည့်ဟန်လုပ်နေသည်ကို တွေ့လိုက်ရလေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now