အပိုင်း (၇၆) ခြေရာခံမိခြင်း (၁)

4.1K 423 1
                                    

ဘာသာပြန်သူ Yuuki
အပိုင်း (၇၆) ခြေရာခံမိခြင်း (၁)

ညသည်  ရေတသွင်သွင်ကျသံကြားရသည်အထိ တိတ်ဆိတ်ငြိမ်သက်နေသည်။ ရှင်းရီချန်သည် ပြတင်းပေါက်ရှေ့တွင် ရပ်လိုက်ပြီး လရောင်သည် သေသေသပ်သပ် ညှိထားသောမြက်ခင်းပေါ်ဖြာကျနေသည်ကို ကြည့်နေ၏။

ဘယ်အရာက သူ့ယုံကြည်ချက်ပြောင်းသွားအောင် လုပ်လိုက်သည်ကို သူနားမလည်ပေ။ သို့သော် သူသည် ချောင်မော့ယွီက ကောင်လေးကို မီးပင်လယ်ထဲမှ ဆွဲထုတ်လာသည့် အွန်လိုင်းဗွီဒီယိုကိုသာ ပြန်ကြည့်နေမိပြန်သည်။

ရှင်းရီချန်သည် ချောင်မော့ယွီ၏Weiboကို သဲကြီးမဲကြီး  ကြည့်လိုက်ပြီး သူမ၏မှတ်ချက်ကဏ္ဍကို ဖတ်နေမိသည်။

သူမသည် သည်ညနေခင်းက သူမ၏ကယ်ဆယ်မှုကြောင့် အရှာအများဆုံးခေါင်းစဥ်ဖြစ်နေသည်။ မှတ်ချက်များမှာ သူမဖန်များ၏ စိုးရိမ်စကားများနှင့် ပြည့်နေ၏။

“မမမော့ယွီ ဒဏ်ရာရသွားသေးလားဟင်၊ နေလို့ကောင်းရဲ့လား၊ စိတ်မကောင်းလိုက်တာ”

“မော့ယွီရေ အရင်တုန်းက နင့်ကို အလှအပကလွဲပြီး ဘာမှမသိဘူးလို့ ထင်နေခဲ့တာ ဒါပေမဲ့ အခုတော့ ငါက အမြင်ကျဥ်းတဲ့သူမှန်း သိသွားပြီ၊ အဲဒီနေရာမှာ လူတွေအများကြီးရှိတာတောင် နင် တစ်ယောက်ပဲ တစ်စုံတစ်ယောက်ရဲ့အသက်ကို ကယ်ဖို့ မီးပင်လယ်ထဲခုန်ဝင်ရဲတဲ့ သတ္တိရှိခဲ့တယ်၊ ငါလေ နင့်ကို အရမ်းလေးစားတာပဲ၊ သေရေးရှင်ရေးအခြေအနေတစ်ခုမှာ လူတစ်ယောက်လုပ်လိုက်တဲ့ အရာက သူ့ရဲ့ ပင်ကိုယ်သဘာဝကို ရောင်ပြန်ဟပ်စေတာပဲ၊ နင့် သရုပ်ဆောင်ချက်တွေက အကောင်းဆုံး မဟုတ်သေးတာတောင်  တဖြည်းဖြည်းနဲ့ ပိုထူးချွန်လာလိမ့်မယ်လို့ ငါ ယုံတယ်၊ ငါလေ နင့်ကို အရမ်းအထင်ကြီးသွားပြီ”

“မမမော့ယွီ အရင်တုန်းက ငါက ဖြတ်လျှောက်တစ်ယောက်ပါပဲ၊ ဒါပေမဲ့ အခုတော့ ငါလေ မမရဲ့ဖန်ဖြစ်သွားပါပြီနော်”

“နတ်ဘုရားမလေး သစ်သားပြားတွေကို လက်ဗလာနဲ့ရိုက်ချိုးခဲ့ကတည်းက ငါ အရမ်းကို အံ့ဩသွားတာ၊ အခုတော့ ပိုတောင်အံ့ဩသွားပြီ၊ နင်လေးက တစ်စုံတစ်ယောက်ကို ကယ်ဖို့ မီးပင်လယ်ထဲလည်း ခုန်ဝင်သတဲ့လေ”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now