အပိုင်း (၁၅၆) မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဆန္ဒကို သိရှိသွားခြင်း (၂)

2.6K 319 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၅၆) မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဆန္ဒကို သိရှိသွားခြင်း (၂)

ယဲ့ဖေးချန်းသည် ချောင်မော့ယွီ၏ပခုံးကို သူ့လက်ဖြင့် ဖက်ထားလိုက်ပြီး သင့်တင့်စွာ ပြန်ပြောလိုက်လေသည်။

“ ငါ့ချစ်သူ မအားဘူး”

ရှင်းရီချန်သည် သူ့အကြည့်ကို ပြောင်းလိုက်ကာ သူ့မျက်လုံးများသည် ယဲ့ဖေးချန်းထံတွင် လူသတ်လိုရိပ်ပြင်းပြစွာ မခွာတမ်းကြည့်လိုက်၏။ သူသည် အေးစက်စက်ပြုံးလိုက်ကာ

“ ယဲ့ဖေးချန်း မင်း လွန်ခဲ့တဲ့ နှစ်ညတုန်းကလဲ ကိစ္စတွေ အဆင်ခြင်မဲ့လုပ်ခဲ့ပြီးပြီနော်၊ ဒါပေမဲ့ ယဲ့မိသားစုရဲ့ ဒုတိယသခင်လေးအနေနဲ့ မင်းက သိပ်ယုံကြည်ချက်မရှိဘူးပဲ၊ ဒါကြောင့် ချောင်မော့ယွီ မင်းကို မကြိုက်ဘူးလို့ ထင်နေတာမလား၊ ဒါကြောင့် အခုလဲ မင်းငါ့ကို သတိထားပြီး ဆက်ဆံနေတာလေ”

လျှပ်စီးကြောင်းများသည် ယဲ့ဖေးချန်း၏မျက်လုံးနက်ထဲတွင် မြင့်တက်လာတော့သည်။ သူသည် ပြန်ပြောမည် ပြင်လိုက်စဥ် ချောင်မော့ယွီသည် မေးခွန်းတစ်ခုကို အရင်မေးလိုက်လေသည်။

“ စီအီးအိုရှင်းက ကျွန်မကို ဘာမေးစရာရှိလို့လဲ”

သူမသည် ထိုအကြောင်းကို စဥ်းစားပြီးဖြစ်၏။ သည်တစ်ကြိမ်တွင် ရှင်းရီချန်သည် အတိတ်မှ ဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်း စုံးစမ်းပြီး ဖြစ်ပေမည်။ ယခုမူ စကားလမ်းကြောင်းပေးရန် မလိုတော့ချေ။ ထို့ကြောင့် သူမသည်လည်း တစ်ခါထဲ အားလုံးကို ရှင်းရှင်းလင်းလင်း ပြောဆိုရပေမည်။ ထိုမှသာ သူမသည် သူနှင့်ပတ်သက်၍ ထပ်ပြီး စိတ်အနှောင့်အယှက်မဖြစ်တော့မှာ ဖြစ်သည်။

“ ဒီမှာပြောလို့ အဆင်မပြေဘူး၊ တစ်နေရာလောက်ရှာပြီး စကားသွားပြောကြတော့ပေါ့”

ရှင်းရီချန် ပြန်ပြောလိုက်၏။

“ မလိုပါဘူး၊ တကယ်လို့ စိတ်ထဲခုနေတယ်ဆိုရင် ဟိုးနားမှာ လုံခြုံရေးကင်မရာ မရောက်နိုင်တဲ့ နေရာရှိတယ် အဲဒီကို သွားလို့ရတယ်”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now