အပိုင်း (၁၉၃) ပါပါးကိုတွေ့ပြီ (၂)

1.9K 238 4
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၉၃) ပါပါးကိုတွေ့ပြီ (၂)

သူ့နှလုံးသည် ပိုးကောင်တစ်ကောင် ကိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ရပ်လိုက်တော့သည်။

သူသည် ချောင်မော့ယွီကို ငုံ့ကြည့်လိုက်၏။ သူမ၏မျက်လုံးများသည် တင်းကျပ်စွာပိတ်ထားပြီး သူမ၏မျက်တောင်များသည် လိပ်ပြာတောင်ပံများသဖွယ် တဖျတ်ဖျတ်ဖြစ်နေသည်။ သူမ၏ဆံပင်များသည် ပြန့်ကျဲနေသဖြင့် သူမ၏မျက်နှာလှလှလေးမှာ ပိုသေးငယ်သွားသယောင် ထင်ရလေသည်။

သူသည် သူမ၏မျက်ခုံးနှစ်ခုကြားကို နမ်းလိုက်ပြီးနောက် ဘေးသို့လှဲချလိုက်ကာ သူမကို ရင်ခွင်ထဲသို့ ဆွဲပွေ့ထားလိုက်တော့သည်။

“မော့ယွီလေး စိတ်မလှုပ်ရှားနဲ့တော့နော်၊ ကိုယ် ညီမကို အတင်းမတိုက်တွန်းပါဘူး”

ချောင်မော့ယွီသည် မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်တော့သည်။

ယခုမှပင် သူမသည် ယဲ့ဖေးချန်း၏ ခန္ဓာကိုယ် ပြောင်းလဲသွားသည်ကို သိသိသာသာ ခံစားရတော့သည်။ သူသည် တစ်ခုခုလုပ်တော့မည်ဟု ထင်လိုက်သော်လည်း သူသည် ထိုအရာကို ထိန်းချုပ်ထားလိုက်လေသည်။

“ ကိုကိုယဲ့ _”

သူမ၏မသံသည့် နူးညံ့နေပြီး

“ညီမကို အချိန်နည်းနည်းလောက် ထပ်ပေးပါနော်”

သူသည် သူမကို တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး

“ အင်း”

နောက်တစ်နေ့မနက်စောစော၌ ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့သည် ရိုက်ကူးရေးသို့သွားလိုက်ကြ၏။ ရိုက်ကူးရေးသည် ပြီးသွားသည့်အချိန်၌ မှောင်စပျိုးနေပြီဖြစ်၏။

ယဲ့ဖေးချန်းသည် ချောင်မော့ယွီကို အိမ်ပြန်ပို့ပေးလိုက်၏။ လော့လော့သည် ညနေစာစားနေစဥ် သူ့ကို တွေ့သွားရာ ယဲ့ဖေးချန်းကို စားပွဲဆီသို့ မြန်မြန်ဆွဲခေါ်သွားတော့သည်။

“ ဦးဦး ဗိုက်ဆာနေပြီလား”

ယဲ့ဖေးချန်းသည် ပြုံးကာ ထိုင်ချလိုက်ု၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now