အပိုင်း (၁၀၃) ငါ့ကိုယုံထားလိုက်ပါ (၁)

3.9K 371 6
                                    

ဘာသာပြန်သူ Yuuki
အပိုင်း (၁၀၃) ငါ့ကိုယုံထားလိုက်ပါ (၁)

မည်သူကမှ သူမအတွက် တစ်ခါမှ ဆံပင်မချည်ပေးခဲ့ဖူးသောကြောင့် ချောင်မော့ယွီသည် မသိစိတ်က သူမ၏လည်ပင်းကို ကျုံ့ထားလိုက်မိသည်။

သူမနောက်တွင် သူတို့နှစ်ယောက်သာကြားနိုင်လောက်သည့် အသံတိုးတိုးလေးနှင့် ယောကျ်ားသံတစ်သံ ထွက်လာလေသည်။

“မလှုပ်နဲ့လေ”

“မင်းရဲ့ ဆံပင်တစ်ချောင်း မီးကျွမ်းသွားတယ်၊ ဖယ်ပေးမယ်နော်”

ချောင်မော့ယွီသည် နာနာခံခံ ငြိမ်နေလိုက်ပြီး သူမ၏ဆံပင်တွင် အသာအယာနုတ်ယူလိုက်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ မနာကျင်သော်လည်း ယားကျိကျိခံစားမှုတစ်ခု ကျန်ခဲ့လေသည်။

“ရပြီ”

ယဲ့ဖေးချန်းသည် ရှေ့သို့ညွှတ်လိုက်ပြီး  သူ့လက်မောင်းများသည် သူမ၏ပခုံးကို ညင်ညင်သာသာ တွန်းတိုက်သွားပြီးနောက် အကင်ကို စူးစမ်းကြည့်လိုက်သည်။

“အင်း စောင့်ဖို့ပဲကျန်တယ်”

ချောင်မော့ယွီသည် ထိုသို့ပြောလိုက်ရင်း ငါးရှိရာဖက်သို့ လှည့်လိုက်လေသည်။

ဖြစ်ပျက်သွားသည်ကို တွေးမိလိုက်ပြီး သူမသည် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ သူမ၏ အဖော်ရှိရာဖက်သို့ လှည့်လိုက်လေသည်။

“ ရုပ်ရှင်ဧကရာဇ်ယဲ့ ခုနက လုပ်ပေးခဲ့တာ ကျေးဇူးပဲနော်”

မီးရောင်အောက်တွင် သူမ၏မျက်နှာသည် ရွှေရောင်လွှာလေးတစ်ခု အပြားခပ်ထားဟန် ထင်ရလေသည်။

ယဲ့ဖေးချန်းသည် ချောင်မော့ယွီကို စက္ကန့်ဝက်ခန့် တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်လှည့်သွားကာ မီးကိုသာ ငေးကြည့်နေလိုက်သည်။

“မော့ယွီ နင်ဘာလို့ အမြဲတမ်း အရမ်းကို ပုံမှန်လိုပဲ ပြောဆိုရတာလဲ”

ချောင်မော့ယွီသည် သူ့စကားကို အံ့အားသင့်သွားပြီးနောက် ပြန်ဖြေလိုက်လေသည်။

“ ဒါကပဲ ယဥ်ကျေးတယ်လို့ ထင်မိလို့လေ”

ယဲ့ဖေးချန်းသည် သူမ၏စကားကြောင့် နှင်မလိုဖြစ်သွားပြီး တသောသော ရယ်နေလိုက်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now