အပိုင်း (၉၁) တန်ပြန်တိုက်ခိုက်ခြင်း ပထမခြေလှမ်း (၂)

3.8K 424 3
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၉၁) တန်ပြန်တိုက်ခိုက်ခြင်း ပထမခြေလှမ်း (၂)

ချောင်မော့ယွီသည် ထိုယောကျ်ား၏ကျောပြင်ကို ကြည့်ရင်း ပြန်ဖြေလိုက်၏။

“ကောင်းပြီလေ”

ထိုအခိုက်အတန့်တွင် လိုက်ဖ်လွှင့်နေသည့်နေရာမှာ မှောင်မည်းနေသည့်အကြောင်းအရင်းကို စဥ်းစားနေကြသည့် ဖန်းများသည် အပြန်အလှန် ပြောစကားများကို ကြားလိုက်ရသောအခါ ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

ရလဒ်အနေဖြင့် အွန်လိုင်း စကားပြောခန်းသည် ပွက်လောရိုက်သွားလေသည်။

“မမမော့ယွီ ဘာလုပ်တာလဲ၊ ကြားနေရတဲ့ဟာတွေက တကယ်ပဲ နင်လေးရဲ့ အသံလားဟင်”

သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အရှုပ်တော်ပုံတစ်ခုလို အသံတွေထွက်နေတာလဲ။

“ဘုရားရေ ဥက္ကဋ္ဌရှင်းလား၊ တကယ်ပဲ ရှင်းမိသားစုက ဥက္ကဋ္ဌရှင်းလား၊ ချောင်ရို့ဟွမ်ရဲ့ ကောင်လေးမလား”

“သူ့လိုရည်းစားရှိတဲ့ယောကျ်ားတစ်ယောက်က တခြားမိန်းမအကြောင်းကိုလဲ စဥ်းစားနေသေးတာလား”

“ချောင်မော့ယွီရဲ့ ရည်ရွယ်ချက်ကို မမြင်ဘူးလား၊ ဒီလူက တခြားမိန်းမကို ဆွဲဆောင်နေတာကို ပြဖို့ တစ်ခုလုံးကို ရိုက်ထားဖို့ စနောက်ပြီး ပြန်ပြောနေတာ သိသာတယ်”

“ဒါတော့ အရမ်းလွန်သွားပြီ ၊ ဘုရားရေ၊ ဒါက တိတ်တိတ်လေး ရိုက်ထားတာသေချာတယ်၊ ဒါကတော့ ဖျော်ဖြေရေးကဏ္ဍမှာ တစ်နှစ်တာ အကောင်းဆုံးအတင်းအဖျင်းပဲ”

လူများက မှတ်ချက်များကို ထိတ်ထိတ်ပျာပျာ ပေးနေကြသည့်အတွက် လိုက်ဖ်လွှင့်နေသည်ကို လာကြည့်သည့် လူမှာ တဖြည်းဖြည်း ပိုများလာတော့သည်။ ထိုသတင်းကို ကြားကြသည့်သူတိုင်း စ,တင် စုရုံးလာကြတော့သည်။

သို့နှင့် လိုက်ဖ်လွှင့်သည့်အခန်းတွင် လူအရေအတွက်မှာ ရူးလောက်အောင် ထိုးတက်သွားတော့သည်။ အစပိုင်းတွင် အယောက်တစ်ရာမှ နောက်ပိုင်း အယောက်တစ်ထောင် နောက်ဆုံးတွင် အယောက်တစ်သောင်းကျော် သွားတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now