အပိုင်း (၉၉) နှိုင်းယှဥ်ခြင်းများ (၄)

3.8K 452 2
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၉၉) နှိုင်းယှဥ်ခြင်းများ (၄)

မိနစ်ဝက်ခန့် ကြည့်ပြီးနောက် သူမသည် ဝမ်ခုံးမင်ရှိရာဖက်ကို ပြန်လာပြီး ပြောလိုက်လေသည်။

“အစ်ကိုဝမ် ကျွန်မတို့ မော့ယွီလုပ်သလို သစ်ကိုင်းတွေ ငါးမျှားကြိုးခဲတွေ မသုံးဘဲ လိုက်လုပ်ကြည့်ရအောင်လေ၊ ဒီက ငါးတွေက နည်းနည်းထူးဆန်းနေတာဖြစ်မယ်”

“အင်း”

သူမ စကားသည် အတိုင်းအတာတစ်ခုအထိ အဓိပ္ပာယ်ရှိသည်ဟု ဝမ်ခုံးမင်လဲ တွေးလိုက်ပြီး သူတို့နှစ်ယောက်သည် ငါးမျှားတံ၏ကြိုးကိုဖြေကာ ငါးမျှားကြိုးခဲကို ဖယ်လိုက်တော့သည်။

ဤသို့ဖြင့် သူတို့၏ငါးမျှားချိတ်သည် ရေမျက်နှာပြင်ပေါ်တွင် ငြိမ်သက်စွာ မျောနေလေသည်။

တစ်ဖက်တွင် ချင်းချန်ချန်၏အသံက တဖန်ထွက်လာပြန်သည်။

“မော့ယွီ နင်ကတော့ ငါ့ နတ်ဘုရားမလေးပဲ၊ နောက်တစ်ကောင် ထပ်မိပြန်ပြီ”

“မော့ယွီ နတ်ဘုရားမလေး နင်ဘယ်လိုများ ဒီလောက်အစွမ်းရှိရတာလဲ”

“ မော့ယွီ ငါ နင့်ကို ဘယ်လောက် လေးစားလဲဆိုတာ စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူး”

ချင်းချန်ချန်၏အားပေးမှုကြားတွင် ချောင်မော့ယွီသည် ငါး ၅ကောင်ဖမ်းမိပြီးဖြစ်နေသည်ကို ရှင်းဝမ်ရွှမ်း သတိထားမိလိုက်သည်။ ထိုငါးတစ်ကောင်စီ၏အလေးချိန်မှာ ၂ကီလိုခန့်ရှိသည်။ ထိုငါးများသည် အကင်လုပ်ရန် အသင့်တော်ဆုံးဖြစ်လေသည်။

“ အိုက်ယား ငါးတွေအများကြီးပဲ၊ ငါတို့နှစ်ယောက်နဲ့ ကင်မရာမန်းက ဒါတွေအားလုံး စားကုန်မှာ မဟုတ်ဘူး၊ ငါတို့တွေ လျှို့ဝှက်ဧည့်သည်နှစ်ယောက်ကို ထပ်ပေါင်းလိုက်ရင် သူတို့နဲ့မျှစားဖို့ နည်းနည်းပဲ ကျန်တော့မှာ၊ နောက်တစ်ကောင်လောက် ထပ်ဖမ်းရအောင်”

ချောင်မော့ယွီ စဥ်းစဥ်းစားစားနှင့် ပြောလိုက်လေသည်။

သူမ ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းလိုပင် ရေမျက်နှာပြင်ပေါ်တွင် လှိုင်းကလေးများ လှုပ်လာတော့သည်။ ချောင်မော့ယွီ၏ ငါးမျှားချိတ်ပတ်လည်တွင် ငါးအုပ်ကြီးတစ်ခုသည်  ငွေရောင်ငါးမျှားချိတ်အတွက် တိုက်ခိုက်နေသကဲ့သို့ တွေ့လိုက်ရသောအခါ အားလုံးမှာ ရှောခ့်ရသွားတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now