အခန်း(၄) ဘယ်သူ့ကလေးလဲ (၁)

5.4K 452 0
                                    

အခန်း(၄) ဘယ်သူ့ကလေးလဲ (၁)

ဟဟ ဒီဟာက ရှက်ဖို့ကောင်းတာပဲ။

သေချာတာတစ်ခုက ရှင်းရီချန်က ရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်သည်။ သူ့ဒေါသကို ဖိနှိပ်ဖို့ ကြိုးစားလျက် ချောင်မော့ယွီကို တပ်မက်သည့် မျက်လုံးဖြင့် ကြည့်ရင်း အံကိုကြိတ်ကာ

"ချောင် ဒီနေရာထွက်သွားစမ်း"

တကယ်တော့ ရှင်းရီချန်က သူ့ခန္ဓာကိုယ်၏ ထူးခြားသည့် ပြောင်းလဲမှုကို သတိထားမိခဲ့ပြီးဖြစ်သည်။ သူ့ခန္ဓာကိုယ်က ဒေါသကြောင့် ပူလောင်နေသည်မျိုး မဟုတ်ဘဲ ဖြစ်နိုင်သည်က...

ဒီမိန်းမ ငါ့ကို တကယ် ဆေးခတ်ရဲတာပဲ၊ သူ့ ထက်ပိုပြီး စက်ဆုပ်ဖို့ကောင်းတဲ့ မိန်းမ ရှိဦးမလား။

ရှင်းရီချန်၏သွေးကြောများက ပွက်ပွက်ဆူလာပြီး သူ့စိတ်ကို ထိန်းချုပ်နိုင်စွမ်းဟာ ကင်းမဲ့လုနီးပါး ဖြစ်နေတော့၏။ မရည်ရွယ်ပါဘဲဖြင့် သူက ခုနကမြင်တွေ့ခဲ့ရသည့် ချောင်မော့ယွီ၏ ဆွဲဆောင်မှုရှိသည့်ပုံရိပ်ကို မြင်ယောင်လာမိသည်။

သူမ၏ခန္ဓာကိုယ်အချိုးအစားဟာ ကောင်းမွန်ပြီး အသားအရေကလည်း နူးညံ့နေလေသည်။ အစောပိုင်း၌ ရှင်းရီချန်က ဒေါသဖြင့် သူမ လည်ပင်းကို လျက်ခဲ့မိသည်။ သူ့လက်ဖဝါးအောက်က ဒီနူးညံ့သည့် အသားအရေဟာ အလွန်ချောမွေ့နေပေရာ ထိုအရာကို ဆက်လုပ်ချင်စိတ် ဖြစ်ပေါ်လာပေသည်။

ထိုအတွေး ဝင်ရောက်လာသည်နှင့် ရှင်းရီချန်က ရုတ်တရက် အကြံတစ်ခု ပေါ်လာပေသည်။ သူ့ခန္ဓာကိုယ်ဟာ အလိုရမ္မက်ကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေသည်ကို ခံစားလိုက်ရတော့ သူ့ကိုယ်သူ အနည်းငယ်ထိန်းလိုက်ပြီး အေးစက်တောင့်တင်းနေသည့်အသံဖြင့်

"တစ်၊ နှစ်.."

ချောင်မော့ယွီက ရေချိုးခန်းထဲ၌ ရှင်းရီချန် ဆိုလိုချင်သည့် အဓိပ္ပာယ်ကြောင့် ခေတ္တမျှကြောင်သွားပေတော့သည်။

တကယ်လို့ သူသာ သူ့ရဲ့အလိုဆန္ဒအတွက် အခုမဖြေရှင်းခဲ့ဘူးဆိုရင် ခဏကြာရင် သူမကို ဘာလုပ်လိုက်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now