အခန်း(၂) ခေါက်ဆွဲတစ်ပန်းကန်

8.3K 1K 21
                                    

အခန်း(၂) ခေါက်ဆွဲတစ်ပန်းကန်

“ဒါဆို, ပါးပါး စားကြစို့လေ၊ သား ဗိုက်အရမ်းဆာနေပြီ” ရွှီဖန်၏ ကလေးဆန်သော နို့နံ့မကင်းသေးသည့် အသံလေးသည် ပြောလာလေ၏။

“အစားအစာက မလောက်ဘူး” ရွှီကျောက် ပြန်ဖြေလိုက်၏။

ခေါက်ဆွဲစွပ်ပြုတ်သည် သူ့အတွက် မလုံလောက်သည်သာမက အကုန်လုံးကို ရွှီဖန်အားပေးလိုက်မည်ဆိုလျှင်တောင် ရွှီဖန်ပင်ဗိုက်ပြည့်လိမ့်မည်မဟုတ်ပေ။ ရွှီကျောက်သည် ချက်ချင်းပင် ဆီများစီးကျနေသောရွှီဇွာချန်း၏ပါးစပ်ကို တွေးမိလိုက်၏။ ရွှီဇွာချန်းသည် သူနှင့် ရွှီဖန်၏ဝေစုကို ယူသွားခဲ့သည်။ ရွှီဇွာချန်း ဒီလိုထပ်လုပ်ပြန်ပြီ! သူ သူကိုယ်တိုင်အတွက် ရပ်တည်ဖို့လိုအပ်နေပြီ။ မဟုတ်လျှင် အနာဂါတ်တွင် ရွှီဇွာချန်းသည် ဒီထက်ပိုပြီး ယူသွားပေလိမ့်မည် !

ဘာမှမသိသော ရွှီဖန်သည် မီးဖိုခနောက်ကို ဆက်၍ တွယ်ကပ်နေပြီး အိုးထဲသို့ကြည့်ရန် သူ့ခြေဖျားလေးကိုထောက်ထားကာ မေးလိုက်၏။“ ပါးပါး၊ စားဖို့မလောက်ဘူးဆို သားတို့ ဘယ်လိုလုပ်ကြမလဲ? ”

“ငါ သူ့ကို ရှာဖို့ သွားလိုက်အုံးမယ်”

ရွှီကျောက်သည် သစ်သားအဖုံးကို သံအိုးထဲသို့ပြန်ထားလိုက်ပြီး မီးဖိုချောင်ထဲမှ ထွက်လာခဲ့ကာ ရွှီဇွာချန်း နောက်ကျောဆီသို့ လှမ်းအော်လိုက်၏။ “အကြီးဆုံးအစ်ကို ”

ရွှီဇွာချန်းသည် ထိုအသံကိုကြားလိုက်ရသောအခါ ရပ်တန့်သွား၏။ သူ့ခေါင်းကို ပြန်လှည့်ကာ မေးလိုက်၏။ “ဘာလဲ? ”

ရွှီကျောက်သည် သူစကားပြောသောအခါ ညင်သာနေဆဲဖြစ်ကာ “အိုးထဲမှာ ဘာခေါက်ဆွဲမှ မကျန်တော့ဘူး ”

“အဲ့တော့ ဘာဖြစ်လဲ?” ရွှီဇွာချန်းသည် နားမလည်သလို ဟန်ဆောင်လေ၏။

၎င်းကို မြင်လိုက်သည်နှင့် သူ့ကိုယ်သူချုပ်တည်းထားသည်က အသုံးမ၀င်ဟု ခံစားလိုက်ရပြီး တိုက်ရိုက်ပင် ပြောလိုက်၏။

“ငါတို့မိသားစုရဲ့ စည်းကမ်းအရ လူတစ်ယောက်ကို အစားအစာ တစ်ပန်းကန်ရတယ်။ မင်းရဲ့လက်ထဲက ပန်းကန်က ငါနဲ့ ရွှီဖန်ပိုင်တယ်လို့ဆိုလိုတာပဲ။ မင်းပိုပြီး မစားသင့်ဘူးလေ။”

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now