အခန်း(၂၂) တွေ့ဆုံပါပြီ [Unicode only]

6.9K 912 31
                                    

အခန်း(၂၂)

၎င်းမှာ ရွှီမားမား ဖြစ်လေ၏။

ရွှီမားမားသည် မီးခိုးရောင်အ၀တ်ဟောင်းများကို ၀တ်ဆင်ထားပြီး သူမ၏မျက်နှာတွင် ချွေးများအပြည့်ဖြင့် သူတို့ဘက်သို့ လျှောက်လာခဲ့သည်။

ရွှီကျောက်၏ဦးနှောက်သည် ချက်ချင်းဆိုသလို ရွှီပါးပါးနှင့် ပတ်သက်သည့် ဖြစ်နိုင်ချေ မြောက်မြားစွာကို ယူလာခဲ့လေသည်။ ဥပမာ၊ သူ့ရောဂါ ပိုဆိုးလာခြင်း သို့မဟုတ် လေဖြတ်သွားပြီလို့ ကြေငြာလိုက်ခြင်း သို့မဟုတ်... ရွှီကျောက်သည် အတွေးလိုင်းကြီးကို ဆက်မတွေးရဲတော့ဘဲ သူ့ခန္ဓာကိုယ်နှင့် စိတ်သည် တင်းမာသွားလေ၏။

သို့သော်လည်း ၎င်းသည် အတိအကျကိုပင် ဆန့်ကျင်ဘက်ဖြစ်ခဲ့ကာ ရွှီမားမားသည် သတင်းကောင်းကို ယူလာခဲ့လေသည်။ ယနေ့နေ့လည်ပိုင်းတွင် ရွှီပါးပါး၏ အခြေအနေသည် အလွန်ကောင်းမွန်နေပြီး သူ့ခန္ဓကိုယ်၏ အစိတ်အပိုင်းအားလုံးသည် အာရုံခံစားမှုရှိခဲ့လေသည်။ ထို့က‌ေြာင့် ဆရာ၀န်က သူ့အား ဆေးရုံတက်ခြင်းကို ဖြတ်လိုက်လို့ရပြီဟု ပြောခဲ့လေ၏။ ဆေးရုံတက်နေစဉ် မတော်တဆ ထိခိုက်မှုများ မရှိပါက သူ လေဖြတ်ခြင်း ဖြစမလာလိမ့်မည် မဟုတ်ပါချေ။

[TN : ဒီမှာ ပြောချင်တာက လေဖြတ်တာလို့ပဲ ပြောပေမယ့် မတူတာမျိုးပါ။ ပထမဆုံး လဲကျသွားပြီး လေဖြတ်သလိုဖြစ်သွားတယ် ဒါပေမယ့် လေဖြတ်သွားလားကို အတိအကျမသိသေးတာမျိုးပေါ့ ပြောရရင် လေဖြန်းတာပေါ့။ နောက်နေဖြတ်တာကကျ ‌ကိုယ်တခြမ်းလှုပ်မရတော့တာ မျိုး အိပ်ယာထဲလဲနေတာမျိုးပေါ့နော်။ အခုအခြေအနေက ရွှီပါးပါးက အိပ်ယာထဲလဲတဲ့ လေဖြတ်တာမျိုးမဖြစ်တော့ဘဲ ပါးစပ်ရွဲ့ပြီး ခြေဆွံ့တာလောက်ပဲဖြစ်တဲ့ လေဖြန်းတာမျိုးပဲ ဖြစ်တာမို့ အိမ်မှာ ပြန်သက်သာအောင် ကုစလို့ရတဲ့အခြေအနေပေါ့နော်။ ကိုယ်လည်း ဆးပညာနဲ့ တိုင်တွေပါတ်နေတာပါ။ ဘယ်လို ပေါ်လွင်အောင်ရေးပေးရမှန်း မသိဖြစ်နေတာ။ ]

ရွှီမားမားသည် သူ့သားကို စိတ်မပူစေရန်နှင့် အလုပ်အရမ်းမပင်ပန်းစေရန် အထူးလာပြောလေခြင်း ဖြစ်လေ၏။ ယခုလို ပူပြင်းသည့်နေ့မျိုးတွင် သူ့သားနှင့်မြေးတို့သည် အလုပ်ရှုပ်နေကြသည်ကို တွေ့ဖို့ မမျှော်လင့်ထားခဲ့ပါချေ။ အထူးသဖြင့် သူ့မြေးလေးဖြစ်၏။ သူ့ကဲ့သို့ ကလေးပိစိလေးသည် ရေခဲချောင်းရောင်းရန် ကူညီပေးနေပြီး သူမ၏ မျက်လုံးများ ခံစားချက်များရောပြွမ်းနေကာ နီမြန်းလာခဲ့လေသည်။ သူမသည် အသားရလာကာ ရွှီဖန်၏အသားကိုယ်လုံးကို တိုက်ရိုက်ကြည့်နေရင်း သူမ၏နှလုံးသား နာကျင်လာရကာ ပြောလေ၏။ “ငါတို့ ဆန်းဝါ က ပိုပိန်လာတယ်”

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now