အခန်း(၁၃၈) အဆုံးသတ်

4.1K 554 20
                                    


အခန်း(၁၃၈) အဆုံးသတ်

ဆန်းဝါ အိပ်ယာရေစိုတာလား။


ရွှီပါးပါးနှင့် ရွှီမားမားတို့ တချိန်တည်းမှာပဲ အံ့သြသွားကြလေ၏။ ရွှီဖန်သည် လမ်းလျှောက်နိုင်သည့်အချိန်ကတည်းက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ဆွဲပြီး ဆီးသွားချင်ကြောင်း လူကြီးများကိုပြောပြတတ်သည်ကို သူတို့သိကြ၏။ နောက်ပိုင်း သူစကားပြောနိုင်လာသောအခါ နေ့ရောညပါ လူများကို ခေါ်ပေလိမ့်မည်။


ရွှီမားမားက ဆိုလေ၏။ " မဖြစ်နိုင်တာ "


စွေ့တင်းချန်သည် သူ့နှာခေါင်းကို ထိလိုက်ပြီး ရှင်းပြလေ၏။ "မနေ့က သူ ရေအများကြီးသောက်ပြီး ဗြောင်းဆန်နေအောင် ကစားခဲ့တာ "


ယေဘူယျအားဖြင့် ကလေးများသည် နေ့အချိန်တွင် အလွန်ဗြောင်းဆန်စွာ ကစားတတ်ကြသည်။ ညဘက်တွင် အိပ်ရာဝင်ချိန်တွင် စကားများပြောကြလိမ့်မည်ဖြစ်ကာ ညဘက်၌ အိပ်ယာရေစိုစေလိမ့်မည်ဖြစ်သည်။ ရေများများသောက်ခြင်းကို ထပ်ထည့်ပါက အိပ်ရာထဲတွင် ရေစိုမှုဖြစ်နိုင်ခြေသည် အလွန်မြင့်မားစွာတိုးလာလေ၏။ ရွှီဖန်သည် ဘယ်လောက်စကားပြောနိုင်သည်ဖြစ်ပါစေ သူသည် လေးနှစ်သားကလေးတစ်ယောက်ဖြစ်သဖြင့် ရွှီမားမားနှင့် ရွှီပါးပါးတို့သည် သံသယများကို လျင်မြန်စွာ ဖယ်ထုတ်လိုက်ကြကာ၊ ရွှီမားမားသည် အိပ်ယာခင်းများကို လျှော်ရန် အပြေးအလွှားသွားလေ၏။


စွေ့တင်းချန် လန့်သွားပြီး အလျင်အမြန် ပြောလိုက်လေ၏။ "ကျွန်တော် လျှော်ပါ့မယ်။ ကျွန်တော် လျှော်လိုက်မယ်။ အဒေါ်နဲ့ ဦးလေးတို့ အခုမှပြန်ရောက်တာ၊ ခဏနားလိုက်ပါဦး "


စွေ့တင်းချန်သည် အခိုင်အမာပြောနေသဖြင့် ရွှီမားမားသည် မစွက်ဖက်တော့ချေ။ စွေ့တင်းချန်သည် ဤကိစ္စပြီးသွားပြီဟု ထင်နေခဲ့သော်လည်း သူမသည် အိပ်ယာခင်းများကို အခြောက်ခံရန် မမျှော်လင့်ထားပါချေ။ ရွှီမားမားသည် အိပ်ယာကနိုးလာသည့် ရွှီဖန်နှင့်အတူ အတူထွက်လာပြီး ဆိုလေ၏။ " သား မနေ့ညက အိပ်ရာက ရေစိုနေပြီလား"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Kde žijí příběhy. Začni objevovat