အခန်း(၁၁၂) သူ့ကိုပွေ့ဖက်

3.1K 525 20
                                    


အခန်း(၁၁၂) သူ့ကိုပွေ့ဖက်




စွေ့တင်းချန်သည် အမြဲလိုလို ချောမောပြီး လေးနက်နေသော်လည်း ရွှီကျောက်နှင့် ဆုံတွေ့သည့်အခိုက်တွင် သူမျက်လုံးများသည် နူးညံ့သိမ်မွေ့မှုဖြင့် ပြည့်နေခဲ့သည်။ သူသည် ရွှီကျောက်ဆီသို့ လျှောက်လာကာ သူ့ရှေ့တွင် ရပ်လိုက်ပြီး ညင်သာနူးညံ့သောအသံနှင့် မေးလေ၏။ "မင်းစားပြီးပြီလား"


ရွှီကျောက်သည် ဤနူးညံ့သိမ်မွေ့သော စွေ့တင်းချန်ကို အမြဲနှစ်သက်ခဲ့သည်မှာ အလွန်သိသာထင်ရှားသော်လည်း ယခုအချိန်တွင် သူ သူ့ကို ရှောင်လွှဲချင်နေခဲ့လေသည်။ သူ အကြည့်ကို အောက်ချလိုက်ပြီး ပြန်ဖြေလေ၏။ " မစားရသေးဘူး။ ကျွန်တော့်မိဘတွေ အခု ထမင်းချက်နေတယ် "


စွေ့တင်းချန်က ဆက်မေးလေ၏။ " အင်း၊ ဒါဆို ရွှီဖန်ကော ဘယ်လိုနေလဲ။ သူ ဖျားနေတုန်းပဲလား"


" အခုတော့ သူပိုကောင်းလာပါပြီ "


" သူ ဘယ်မှာလဲ "


" သူ သကျွမ်းနဲ့ ဟိုးနားမှာ ဆော့နေတယ် "


ရွှီကျောက် သူ့လက်ကို မြှောက်လိုက်ပြီး သူ့နောက်သို့ ညွှန်ပြလိုက်၏။


စွေ့တင်းချန်သည် ရွှီကျောက်ညွှန်ပြသည့် လမ်းကြောင်းသို့ ကြည့်လိုက်ပြီး ရွှီဖန်ကို တွေ့လိုက်ရလေ၏။ ရွှီဖန်သည် သကျွမ်းကို အစားတောင်းနေပုံရလေ၏။ သူ့ပါးစပ်လေးသည် မရပ်မနား လှုပ်နေလေ၏။ သကျွမ်းသည် သူ့ကို စားစရာ ဘာတစ်ခု မပေးချင်နေချေ။


စွေ့တင်းချန်သည် ရွှီဖန်ဆီကို အပြုံးနှင့် လျှောက်လာပြီး သူ့ဘေးနားတွင် ငုတ်တုတ်ထိုင်လိုက်၏။ ရွှီဖန်၏ ခန္ဓာကိုယ်ကို စစ်‌ဆေးကြည့်လိုက်ပြီး ရွှီဖန်သည် တကယ်ပင် ဤအချိန်အတွင်း ပိုပိန်သွားခဲ့လေ၏။ ကလေးလေးများသည် အဖျားရောဂါကို တကယ်ပင် မခံနိုင်ချေ။ ယခုအခါ ရွှီဖန်၏ မျက်နှာလေးသည်ပင် အနည်းငယ်ဝါနေလေ၏။ အဖျားရောဂါသည် လုံးဝအရှင်း မသက်သာသေးပုံရသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now