အခန်း(၆၈) နွေဦးရာသီပွဲတော်နီးကပ်လာပြီ

3.5K 579 31
                                    

အခန်း(၆၈) နွေဦးရာသီပွဲတော်နီးကပ်လာပြီ

သူ့ရှောင်ရှု ရွှီဖန်အတွက် ဝယ်လာခဲ့သည့် အနွေးဂျက်ကပ်အင်္ကျီသည် ကြီးလွန်းနေခဲ့ပြီး၊ သူ့အတွက် အနွေးဂျက်ကပ်အင်္ကျီသည် သေးနေခဲ့ကာ ရွှီကျောက်အတွက် သူဝယ်လာခဲ့သည့် အင်္ကျီကတော့ ပြီးပြည့်စုံသည့် အရွယ်အစားပင်…။ သူ့ရှောင်ရှု ရွှီကျောက်ကိုများ... ၎င်းသည် မဖြစ်နိုင်ပါချေ။… သူ့ရှောင်ရှုသည် နူးညံ့သိမ်မွေ့ပြီး သန့်ရှင်းသော အမျိုးသားများကို သဘောကျခဲ့ပြီး ရွှီကျောက် ကဲ့သို့သော အမျိုးအစားကို မဟုတ်ပါချေ။

ရွှီကျောက်မဖြစ်နိုင်။ ရွှီကျောက်သည် ပို၍သိမ်မွေ့ပြီး ရုပ်ရည်ကြည့်ကောင်းသည်။ သို့သော်လည်း သူ့ရှောင်ရှုသည် ရွှီကျောက်အား တကယ်ကို ကောင်းကောင်းဆက်ဆံခဲ့ပြီး သူ့ကိုလည်း ကောင်းကောင်းနားလည်နေခဲ့သည်။ ဘာကြောင့်များပါလိမ့်။

ကောလိပ်ဝင်ခွင့်စာမေးပွဲအပြင် ၎င်းသည် စွေ့ချင်းဖုန့်၏ ဘဝတွင် ပထမဦးဆုံးအကြိမ် ဤကဲ့သို့ခက်ခဲသည့် ပြဿနာကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် ဖြေရှင်းရခက်ပြီး နားလည်ရခက်လေသည်။ သူအသေအချာ ခံစားနေခဲ့ရသော်လည်း ထို့နောက်တွင်တော့ သူ စိတ်ရှုပ်သွားလေကာ၊ အသေအချာခံစားရလိုက် ထပ်ရှုပ်ထွေးနေလိုက် ဖြစ်နေခဲ့လေသည်။ သူ အိပ်ယာထဲတွင် လဲလျောင်းရင်း သူ့ခေါင်းထဲတွင် ဤမေးခွန်းသည် ဆက်လက်လှည့်ပတ်နေလေ၏။ အမှန်သာဆိုပါက သူဘာလုပ်ရမည်နည်း။ ထို့အပြင် မဟုတ်ခဲ့ပါက သူဘာဆက်လုပ်ရမည်နည်း... ခဏကြာပြီးနောက် မြင်ကွင်းပေါင်းများစွာကို တွေးကြည့်နေခဲ့၏။ မှန်တယ်။ မမှန်ဘူး။ မှန်တယ်။ မမှန်ဘူး။

စိတ်ထဲတွင်တော့ သူ့ရှောင်ရှုနှင့် ရွှီကျောက် တို့နှင့် ပြည့်နေခဲ့လေသည်။

တစ်ဖက်တွင်၊ ရွှီကျောက်သည် စွေ့ချင်းဖုန့်ကို တွေးမနေခဲ့ပါချေ။ ထိုအစား စွေ့တင်းချန်ကိုသာ တွေးနေခဲ့လေပြီး စွေ့တင်းချန် သူ့အား ဤကဲ့သို့ တန်ဖိုးကြီးသော လက်ဆောင်ကို မည်ကဲ့သို့ ပေးနိုင်ခဲ့သနည်းဟု တွေးနေခဲ့သည်။ ဤခေတ်၏ ကျွမ်းကျင်မှုအဆင့်ကြောင့် ဖြစ်သော်လည်း နည်းပညာသည် အလွန်ကောင်းမွန်ခြင်းမရှိပေ။ ထို့အပြင် အရည်အသွေးနိမ့်ကာ ဤတစ်ထည်သည် သာမာန်အနွေးဂျက်ကပ်တစ်ခုထက် အနည်းငယ်ပိုပါးပြီး ပိုနွေးလေသည်။ ၎င်းသည် အရည်အသွေးပိုမြင့်သည့် တစ်ထည် ဖြစ်ရမည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now