အခန်း(၁၄၃) အချပ်ပို-၅

3.2K 521 11
                                    


အခန်း(၁၄၃) အချပ်ပို-၅



ရွှီကျောက် လန့်သွားလေ၏။


စွေ့တင်းချန်သည် ခေါင်းအနည်းငယ်ငုံ့ကာ ရွှီကျောက်၏ ဝမ်းဗိုက်ကို ကြည့်လိုက်လေ၏။ သူ့ဝမ်းဗိုက်ချပ်ချပ်သည် အနည်းငယ်မြင့်နေသော်လည်း ရွှီကျောက်၏ အခြားအစိတ်အပိုင်းများသည် ကိုယ်အလေးချိန်တက်လာသည့် လက္ခဏာမျိုး လုံး၀မတွေ့ရချေ။ သူ့စိတ်ထဲတွင် စကားလုံးနှစ်လုံး ချက်ခြင်းထွက်ပေါ်လာလေ၏။


ကိုယ်၀န်။


တစ်ချိန်တည်းမှာပဲ ရွှီကျောက်လည်း တုံ့ပြန်လာပြီး ရွှီမားမားကို ဗလာဖြစ်နေလျက် ကြည့်နေပြီးနောက်၊ စွေ့တင်းချန်ကိုပြန်ကြည့်လိုက်၏။ စွေ့တင်းချန်က ဆိုလေ၏။ "ဆေးရုံကို စစ်ဆေးဖို့သွားကြမယ် "


ရွှီကျောက် ခေါင်းညိတ်လိုက်၏။


ထို့နောက် စွေ့တင်းချန်သည် ရွှီကျောက်ကို ဆေးရုံသို့ ကားမောင်းပို့ခဲ့ပြီး ရွှီကျောက်သည် ကိုယ်ဝန်လေးလကျော်ရှိနေပြီဖြစ်ကြောင်း ဆေးရုံကပြောလိုက်ကာ ရွှီကျောက်၏ ပထမဆုံးအကြိမ် ကိုယ်ဝန်ရှိခြင်းဟုတ်မဟုတ်ကို မေးမြန်းလေ၏။ ရွှီကျောက်သည် လူတစ်ကိုယ်လုံး အံ့အားသင့် မှင်သက်သွားကာ အချိန်အတော်ကြာအောင် အချိန်ယူလိုက်ရပြီး စွေ့တင်းချန်ကို ကြည့်လိုက်လေ၏။


စွေ့တင်းချန်သည် အစတွင် အံ့အားသင့်သွားခဲ့သော်လည်း ယခုအခါတွင်မူ သူ့မျက်နှာတွင် ပျော်ရွှင်မှုအပြည့်ရှိနေလေ၏။


ရွှီကျောက် မယုံကြည်နိုင်စွာ မေးလိုက်၏။ " ကျွန်တော့်မှာ တကယ်ရှိနေပြီလား "


‌စွေ့တင်းချန်က ခေါင်းညိတ်ပြလေ၏။


ရွှီကျောက်က ထပ်မေးလိုက်၏။ "ခင်ဗျား သန္ဓေတားဆေးတွေ မသောက်ဘူးလား"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』حيث تعيش القصص. اكتشف الآن