အခန်း(၈၄) သက်သေ

3.4K 564 18
                                    

အခန်း(၈၄) သက်သေ

စွေ့တင်းချန် ဘက်တွင်မူ သူသည် ချိုမြိတ်မှုအတွင်း နစ်၀င်နေဆဲဖြစ်ကာ ရွှီကျောက်ကတော့ သူ့စောင်ထဲသို့ တိုးဝင်နေပြီဖြစ်လေသည်။ သူသည် ရေဒီယိုကို ပိတ်လိုက်ပြီးနောက် ရွှီဖန်ကို အိပ်ရာဝင်ပုံပြင်ကို စတင်ပြောပြနေလေသည်။ သို့သော်လည်း ရွှီဖန်သည် ယနေ့ညတွင် စွမ်းအင်များပြည့်နေပြီး ပုံပြင်တစ်ပုဒ်တည်းနှင့် သူ့အား အိပ်ပျော်အောင် မသိပ်နိုင်ခဲ့ချေ။ ရွှီကျောက်သည် ရွှီဖန် နောက်ဆုံးမအိပ်ပျော်သွားခင်အထိ ပုံပြင်သုံးပုဒ်ကို ပြောပြခဲ့ရလေသည်။

ရွှီဖန် အိပ်ပျော်သွားသော်လည်း ရွှီကျောက်၏ပါးစပ်ကတော့ ခြောက်ကပ်သွားသလို ခံစားလိုက်ရလေသည်။ သူ အိပ်ရာမှထကာ ပင်မခန်းမအတွင်းက ကျဉ်းမြောင်းသည့် စားပွဲရှည်ကြီးဆီသို့ လျှောက်သွားပြီး ကြွေရည်သုတ်အိုးတစ်ဝက်လောက်ကို သူ့ကိုယ်သူအတွက် ထည့်လိုက်သည်။

ရေသောက်ပြီးနောက် အိပ်ယာပေါ်ပြန်အိပ်သော်လည်း ချက်ခြင်းမအိပ်ပျော်ခဲ့ချေ။ ထိုအစား ပျေကျင်းမြို့တော်ကိစ္စအကြောင်းကို စဉ်းစားနေခဲ့လေသည်။  ပေကျင်းမြို့တော်သို့ မထွက်ခွာမီ ဖန်လုံအိမ်ကြီးနှင့်ပတ်သက်သည့် အရာအားလုံးကို စီစဉ်ထားရန်လိုအပ်သည်။ အရင်ဆုံးမှာ အရွက်ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းပင်ဖြစ်သည်။

ထို့နှင့် နောက်နေ့မနက် နေမထွက်လာခင်မှာပင် ရွှီကျောက်နှင့် သကျွမ်း၏အဖေတို့သည် ပေါင်းပင်များ၊ ခရမ်းချဉ်သီးပင်ငြမ်းများ၊ သခွားသီးပင်ငြမ်းများနှင့် တခြားအရာများကို ဖယ်ထုတ်ဖို့ ဖန်လုံအိမ်ကြီးထဲသို့ ရောက်လာကြပြီဖြစ်သည်။ သူတို့သည် မနက်စာစားချိန်ရောက်သည်အထိ အလုပ်လုပ်နေခဲ့ကြသည်။ မနက်စာစားပြီးနောက် ရွှီနှင့်လီမိသားစုတို့သည် လူတိုင်း အလုပ်များလာကြလေသည်။ သူတို့သည် လယ်ထွန်ဖို့သုံးသည့် ထယ်သွားကို ချေးငှားပြီး မြေဆီလှန်ဖို့ အလှည့်ကျလုပ်ခဲ့ကြသည်။ သူတို့သည် နေဝင်သည်အထိ အလုပ်လုပ်ခဲ့ကြပြီး နောက်ဆုံးတွင် အရွက်ဟင်းသီးဟင်းရွက် အစေ့များကို မြေကြီးထဲကို ကျဲလိုက်ကြသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now