အခန်း(၂၇) အကြံအစည်တစ်ခု ‌တွေးမိခြင်း

5.5K 832 20
                                    

အခန်း(၂၇) အကြံအစည်တစ်ခု ‌တွေးမိခြင်း

ဘာလဲ?

ရွှီကျောက်သည် ထိုအချိန်တွင် စွေ့တင်းချန်ပြောသည်ကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရချေ။ သူ့အသိစိတ်ပြန်ဝင်လာသည်နှင့် စွေ့တင်းချန်သည် သူ့အဝတ်အစားအသစ်များနှင့် ကြည့်ကောင်းသည်ဟု ပြောလိုက်ကြောင်း သတိထားမိလိုက်လေသည်။ သူ စွေ့တင်းချန်ကို ကျေးဇူးတင်စကားပြောချင်သော်လည်း စွေ့တင်းချန်သည် သူ့အနက်ရောင်ကားကို အဝေးသို့ မောင်းနှင်သွားပြီဖြစ်သည်။ ထိုအချိန်မှာပဲ ရွှီဖန်သည် သူ့၏ပဲနီလေးရေခဲချောင်းကို ကိုင်ထားပြီး သူ့ခြေထောက်တိုတိုလေးမျနှင့် အနက်ရောင်ကားနောက်ကို ပြေးလိာက်သွားလေသည်။

" ရွှီဖန် ! " ရွှီကျောက် လှမ်းခေါ်လိုက်၏။

ရွှီဖန်သည် ချက်ချင်းရပ်လိုက်ပြီး ရွှီကျောက်ဘက်သို့ ပြန်လည့်လာခဲ့လေ၏။ သူ့ရေခဲချောင်းကို အသုံးပြုပြီး အနက်ရောင်ကားကို ညွှန်ပြလိုက်ရင်း ရေခဲချောင်းအေးအေးကို စုပ်နေသဖြင့် သူသည် လုံး၀နီတာရဲနေလေ၏။  သူသည် အလွန်ချစ်စရာကောင်းနေခဲ့ကာ နို့သံလေးနှင့် ပြောလိုက်၏။ " ပါးပါး၊ ကားကြီး၊ ကားကြီးက အဝေးကို ပြေးသွားပြန်ပြီ! "

ပြန်ပြီ။

ပြန်ပြီ။

ရွှီဖန်သည် " ပြန်ပြီ " ဆိုသည့် စကားလုံးကို မှန်မှန်ကန်ကန် သုံးခဲ့သည်။ အဲ့ဒါက အဝေးကို ပြေးသွား" ပြန်ပြီ"   ဆိုတာ မှန်ပါတယ်။

ရွှီကျောက်သည် ရွှီဖန်တ်စယောက် ကားထဲတွင် ထိုင်ချင်နေသည်မှာ ဘယ်နှစ်ခါတောင်မှရှိနေပြီမှန်း မမှတ်မိတော့ချေ။ ကလေးအတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသည်။ သူ့ဆန္ဒသေးသေးလေးကို ဖြည့်ဆည်းပေးဖို့ ကလေးလေးကို သူမကူညီခဲ့နိုင်ပါချေ။ ၎င်းကိုတွေးပြီး သူမေးမယ်လို့ တွေးလိုက်တယ်။ နောက်တစ်ကြိမ်တွင် ခံစားချက်မဲ့စွေ့တင်းချန်ကို သူမေးရမည်ဟု တွေးလိုက်ပြီး  ရွှီဖန်ကို ခဏလောက်ပတ်စီးခွင့်ပေးဖို့ သူဘယ်နေ့အလပ်မလဲ ကြည့်ရမလား?  တက္ကစီလို သူ့အား ပိုက်ဆံနည်းနည်းလောက် ပေးလို့ရသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now