အခန်း(၁၁) ပျောက်ဆုံးနေသော တစ်စိတ်တစ်ပိုင်း

6.5K 1K 26
                                    


အခန်း(၁၁) ပျောက်ဆုံးနေသော တစ်စိတ်တစ်ပိုင်း

ဒီကောင်လေး၊ ရွှီဆန်းဝါ

သူ တကယ်တမ်း တခြားသူများကို ရောင်းခိုင်းနေခြင်းပါ!

ရွှီကျောက်သည် သူတို့ဆီသို့ အလျင်အမြန်လျှောက်လာပြီး လူလတ်ပိုင်းအမျိုးသမီးလေးယောက်ကို တောင်းပန်လိုက်၏။ သက်လတ်ပိုင်းအရွယ်အမျိုးသမီးလေးယောက် ကျော်သွားသည့်အခါ သူသည် ရွှီဖန်ကို သစ်ပင်အောက်သို့ဆွဲခေါ်သွားပြီး အရိပ်အမြွတ်‌ ပြောဆိုဖို့ရန်ဖြစ်၏။ သူတို့ထဲမှ ပိန်ပါးသည့်အမျိုးသမီးသည် လျှောက်လာခဲ့ပြီး ညင်သာသောအသံနှင့် ပြောလာလေ၏။
" မင်းတို့ တကယ် ရေခဲချောင်းရောင်းနေတာလား? "

ရွှီကျောက် ချက်ချင်း ပြုံးပြလိုက်ပြီး ပြန်ဖြေလိုက်၏။ " ဟုတ်ကဲ့၊ ရေခဲချောင်းဝယ်ချင်လို့လား? "

ဒီနေ့ခေတ်တွင် ဤသို့ သပ်သပ်ရပ်ရပ်နှင့် ယဉ်ကျေးသိမ်မွေ့သည့် လူငယ်တစ်ယောက်နှင့် တွေ့ဖို့ ခဲယဉ်းလှသည်။ အမျိုးသမီးသည် သူမ၏ နှလုံးသားတွင် ပျော်ရွှင်မှုအပြည့် ခံစားခဲ့ရပြီး မေးလာခဲ့လေ၏။ “ ဘယ်လိုရောင်းလဲ? ”

" ရေခဲချောင်းတစ်ခုကို သုံးဆင့်ပါ " ရွှီကျောက် ပြန်ဖြေလိုက်သည်။

" ဒါဆို ငါတို့အရင်စမ်းကြည့်ဖို့ လေးခုယူမယ် "

“ ဘယ်လိုအရသာမျိုးလိုချင်လဲ? ”

“ ရေခဲချောင်းအတွက် အရသာအမျိုးမျိုးရှိသေးတယ်လား? ” အမျိုးသမီးသည် အလွန်စိတ်ဝင်စားဖို့ကောင်းတယ်သည်ဟု ထင်ခဲ့လေသည်။

" အင်း ကျွန်တော့်မှာ ပြောင်းဖူး၊ လက်ဖက်စိမ်း၊ ပဲနီ၊ နို့မူရင်းနဲ့ ပဲပိစပ် ဒီအရသာ ခြောက်မျိုးရှိပါတယ် "

အဲဒါက အရမ်းဆန်းပြားတယ်။

အမျိုးသမီးသည် ချက်ချင်းပြောလာလေ၏။ “ ဒါဆို ရေခဲချောင်းခြောက်ခုကို တစ်မျိုးစီပေးပါ ”

" ကောင်းပါပြီ "

ထိုအမျိုးသမီးသည် ဈေးဆစ်ရန်တောင် မကြိုးစားခဲ့ပါချေ။ ငွေပေးချေပြီးနောက် အခြားလူလတ်ပိုင်းအမျိုးသမီးသုံးဦးထံသို့ ပြန်သွားကာ သံမဏိစက်ရုံထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now