အခန်း(၉၇) အပြန်အလှန် ဆက်ဆံရေး

3.2K 546 11
                                    


အခန်း(၉၇) အပြန်အလှန် ဆက်ဆံရေး




သူ့ကို မတွေ့ရသည်မှာ လအနည်းငယ် ကြာပြီးနောက် ရွှီဖန်သည် အရပ်မရှည်လာသေးသော်လည်း သူ့အသိဥာဏ်သည် ကြီးထွားလာခဲ့ပြီဖြစ်သည်။ စွေ့တင်းချန်သည် အသာအယာပြုံးပြလိုက်ကာ မေးလိုက်၏။ "အဲ့တော့"


ရွှီဖန်က ပြန်ဖြေလေ၏။ "အဲ့-အဲ့တော့ အဲ့ဒါကို သားစားဖို့ ပေးလိုက်လေ "


လက်ရှိတွင် ဖရဲသီးစားနေသော ရွှီကျောက်သည် ရွှီဖန်၏ စကားကြောင့် နင်သွားလေ၏။


စွေ့တင်းချန်သည် ရွှီကျောက်၏ နောက်ကျောကို နှစ်ချက်လောက် ပုတ်ပေးလိုက်ပြီး သူ အသက်ရှူနိုင်အောင် ကူညီလိုက်ပြီး ရွှီဖန်ဘက်လှည့်ကာ မေးလိုက်၏။ " မင်း စားဖို့ ပေးရမယ်ပေါ့"


ရွှီဖန်က ခေါင်းညိတ်ပြလေ၏။ " အင်း "


"မင်းရဲ့ဗိုက်ကကော မနာဘူးလား" စွေ့တင်းချန်က မျက်ခုံးပင့်ကာ မေးလိုက်သည်။


ရွှီဖန်၏ ဖောင်းတုတ်တုတ်လက်ကလေးသည် သူ့ဗိုက်ဖောင်းဖောင်းလေးကို ပွတ်သပ်ကာ ဆိုလေ၏။ "သား-သားဗိုက်က နာမှာမဟုတ်ဘူး"


စွေ့တင်းချန်သည် ထွားကျိုင်းသောရွှီဖန်ကို ကြည့်လိုက်ရင်း သိချင်စိတ်နှင့် မေးလိုက်၏။ "ဘာလို့မနာတာလဲ။ ငါစားလိုက်ရင် ငါ့ဗိုက်နာလိမ့်မယ်ဆိုတော့ မင်းစားရင်ကော မင်းဗိုက်က ဘာလို့ မနာရတာလဲ"


ရွှီဖန်က တွေးလိုက်ပြီး ပြန်ဖြေလေ၏။ " ဘာလို့ဆို သားပါးပါးက အဲ့ဒါတွေကို စိုက်ထားတာဆိုတော့ ဖ-ဖရဲသီးတွေက သားစကားကို နားထောင်တယ်။ သား-သား ဗိုက်ကို အဲ့ဒါက နာအောင်လုပ်မှာမဟုတ်ဘူး"


"..." စွေ့တင်းချန်သည် တကယ်ပင် ဘာပြန်ပြောရမှန်း မသိတော့ချေ။ စွေ့တင်းချန်သည် ကလေးများနှင့် ဆက်ဆံရာတွင် အဆင်မပြေသဖြင့် ရွှီကျောက်ထံသို့ လှည့်ကာ မေးလိုက်၏။ "ကိုယ် သူ့ကို ပေးလိုက်လို့ရလား"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now