အခန်း(၁၄၂) အချပ်ပို-၄

2.8K 455 7
                                    


အခန်း(၁၄၂) အချပ်ပို-၄



ရွှီဖန် မငိုမယို၊ ပြဿနာမလုပ်သည်ကိုမြင်ပြီး ရွှီကျောက်နှင့် စွေ့တင်းချန်တို့သည် အနှောင့်အယှက်ပေးဖို့ အစီအစဉ်မရှိခဲ့ကြချေ။ သူတို့နှစ်ယောက်သည် လုပ်ငန်းကိစ္စများ လည်ပတ်ရန် ခရိုင်မြို့သို့သွားကြလေ၏။ သူတို့ပြန်ရောက်လာကြသောအခါ နန်ယန်းကျေးရွာ မူလတန်းကျောင်း၏ ကျောင်းဆင်းချိန်နှင့် တိုးကြလေ၏။ အကြည့်တစ်ချက်တည်းနှင့် ရွှီဖန်နှင့်သကျွမ်း အပါအဝင် မူလတန်းကျောင်းသူ ကျောင်းသားများအုပ်စုသည် စကားစမြည်ပြောဆိုနေကြသည်ကို တွေ့လိုက်ရလေသည်။


ရွှီဖန် နှင့် သကျွမ်းတို့သည် နန်ယန်းကျေးရွာမူလတန်းကျောင်းတစ်ခုလုံးတွင် အသက်အငယ်ဆုံးဖြစ်ကြသောကြောင့် သူတို့သည် အပုဆုံးနှင့် အသွက်ဆုံးဖြစ်ကြလေ၏။ ရွှီဖန်ကို ‌ကောင်မ‌လေးတစ်ဦးမှ နန်၀မ်းရွာသို့ ပြန်ဆွဲခေါ်သွားလေ၏။


ရွှီကျောက် : "..."


စွေ့တင်းချန် : "..."


နှစ်ယောက်သားသည် ရွာဆီသို့ ကလေးအုပ်စုနောက်မှ လိုက်ပြန်သွားကြလေ၏။ ရွှီဖန်သည် ရွာထဲသို့ အကြီးဆုံးကလေးနောက်မှ လိုက်သွားသည်ကို တွေ့လိုက်ရပြီး နှစ်ယောက်သားသည် ဟင်းသီးဟင်းရွက် ဖန်လုံအိမ်သို့ သွားကြည့်ကြလေ၏။ သူတို့ အိမ်ပြန်ရောက်ကြသောအခါ ရွှီဖန်ကို မတွေ့ရချေ။


ရွှီဖန်သည် သူငယ်ချင်းအသစ်တစ်ယောက်နှင့်တွေ့ပြီး သူသည် သူ့သူငယ်ချင်းအသစ်၏အိမ်သို့ ဧည့်သည်အဖြစ်သွားကာ အခြားတစ်ယောက်၏အိမ်တွင် ထမင်းသွားစားလေ၏။ သူသည် "ပြစ်ဒဏ်အခြေအနေ" အကြောင်းကို လုံးလုံးမေ့သွားလေ၏။ ရွှီဖန် ပြန်ရောက်လာသောအခါ ရွှီကျောက်၏မိသားစုသည် ခြံ၀င်းထဲရှိ ထမင်းစားပွဲငယ်လေးတွင် ထိုင်ပြီး နေ့လည်စာစားနေကြလေ၏။


ရွှီဖန်သည် ကျောင်းလွယ်အိတ်သေးသေးလေးတစ်ခုနှင့် အနီရောင်ပဝါတစ်ထည်ကို ကိုင်လာပြီး ခြံထဲသို့ ဝင်လိုက်သည်နှင့် "ပါးပါး" ဟု အော်ခေါ်လေ၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now