အခန်း(၆၆) ကုတ်အင်္ကျီ

3.3K 592 26
                                    

အခန်း(၆၆) ကုတ်အင်္ကျီ

ထိုလူသည် စွေ့တင်းချန်မှလွဲ၍ တခြားသူမဟုတ်ပါချေ။

သို့သော်လည်း ရွှီကျောက်သည် ၎င်းကို သတိမထားမိခဲ့ချေ။ သူ့အာရုံတစ်ခုလုံးသည် မွေးနေ့ကိတ်ပေါ်တွင်သာ ရှိနေခဲ့သည်။ ကိတ်မုန့်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူသက်ပြင်းချလိုက်၏။ ဤခေတ်ရှိ ကိတ်မုန့်ဆိုင်များကို ၂၁ရာစုမှ သူအရင်မြင်ဖူး‌နေကျများနှင့် နှိုင်းယှဉ်လို့မရပါ‌ချေ။ ၎င်းတို့၏ အမျိုးအစားနည်းပါးပြီး၊ ပုံပန်းသဏ္ဌာန်သည် ညံ့ဖျင်းကာ ဆန်းသစ်စွာ မဖန်တီးနိုင်ချေ။

ရွှီကျောက်သည် မီးဖိုထဲမှထွက်လာကာစဖြစ်သော ချစ်စရာပိုကောင်းသော ကိတ်မုန့်နှစ်လုံးကိုသာ ရွေးချယ်နိုင်ခဲ့လေသည်။ ငွေပေးချေပြီးနောက် သူ ၎င်းတို့ကို အပြင်သို့သယ်လာခဲ့ပြီး တစ်စုံတစ်ဦးမှ သူ့နာမည်အော်ခေါ်လိုက်သံကို ကြားလိုက်ပုံရလေ၏။ အသံဆီသို့ လှည့်ကြည့်လိုက်ပြီး စွေ့တင်းချန်သည် ဘေးဘက်ရှိ စားသောက်ဆိုင်မှ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။

" ရှောင်ရှု ” ရွှီကျောက်သည် စွေ့တင်းချန်ဘက်သို့ အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး ခေါ်လိုက်၏။

စွေ့တင်းချန်သည် အနက်ရောင် အပေါ်ထပ်ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး အရပ်ပိုမြင့်သည့်ပုံတောင် ပေါ်နေစေသည်။ သူ့၏ အရပ်မြင့်မြင့်နှင့် ဖြောင့်စင်းသော ကိုယ်ခန္ဓာသည် ရှေ့သို့ လျှောက်လှမ်းလာခဲ့ကာ ရွှီကျောက်ကို ကြည့်ပြီး မေးလာခဲ့လေ၏။ " မင်း မြို့ထဲမှာ ဘာလုပ်နေတာလဲ "

ရွှီကျောက်သည် သူ့လက်ထဲရှိ ကိတ်မုန့်ကို မြှောက်ပြလိုက်ပြီး ပြောလိုက်၏။ "ကျွန်တော် ကိတ်မုန့်ဝယ်ဖို့ ရောက်လာခဲ့တာ"

စွေ့တင်းချန်သည် တစ်ချက်ကြည့်လိုက်ပြီး မေးလေ၏။ "မွေးနေ့ကိတ်မုန့်လား "

" အင်း" ရွှီကျောက် ခေါင်းညိတ်လိုက်၏။

" ဘယ်သူ့မွေးနေ့လဲ။ မင်းမွေးနေ့လား ” စွေ့တင်းချန်က မေးလေ၏။

" မဟုတ်ပါဘူး၊ ကျွန်တော့်မိသားစုရွှီဖန်ရဲ့ တတိယမြောက်မွေးနေ့ပါ "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now