အခန်း(၄၉) အသီးအရွက်များ စိုက်ပျိုးခြင်း

4.5K 694 19
                                    

အခန်း(၄၉) အသီးအရွက်များ စိုက်ပျိုးခြင်း

"ပါးပါး၊ တဝါ ငိုနေတယ်"  ရွှီဖန်သည် ရွှီတဝါ၏အသံကို မှတ်မိလေသည်။

" အင်း " ရွှီကျောက် ပြန်‌ဖြေလိုက်၏။

" တဝါက ဘာလို့ငိုနေတာလဲ "

"မသိဘူး။ သူ့အတွက် စိတ်ပူမနေပါနဲ့၊ မင်းလက်တွေဆေးဖို့ ဒီကိုလာခဲ့"

ရွှီကျောက်သည် ယွမ် ၃၀၀ ကျော်ကို သိမ်းထားလိုက်ပြီးနောက် ရွှီဖန်ကို ဆွဲခေါ်လာကာ ကြွေဇလုံဘေးတွင် ထိုင်ချလိုက်ပြီး လက်ဆေးဖို့ ဆပ်ပြာမွှေးကို သုံးလိုက်သည်။ ထို့နောက် သူတို့သည် ညစာစားဖို့ စားပွဲပတ်လည်တွင်ဝိုင်း စုကြလေ၏။

ထိုအချိန်တွင် ဘေးအိမ်မှ ဆူညံသံများ မရပ်မနားကြားနေရလေသည်။ သို့သော်လည်း ရွှီကျောက်သည် အနည်းငယ်မျှ ထိခိုက်ပုံမပေါ်ဘဲ ရွှီကျောက်သည် ရွှီဇွာချန်း၏ အကြံအစည်အတွက် လိုက်ပြီးမကျရောက်စေရန် ရွှီမားမား သို့မဟုတ် ရွှီပါးပါးကို ဘာတစ်ခုမှ လုပ်ခွင့်မပေးခဲ့ချေ။

ညစာမပြီးမချင်း ဘေးအိမ်သည် မပြေလည်သေးချေ။ ရွှီကျောက်သည် ရွှီဖန်ကို ရေချိုးပေးလိုက်လေ၏။ အရင်တုန်းကတော့ ရွှီဖန်ကို ခြံ၀င်းထဲ၌ ရေချိုးပေးနိုင်ခဲ့သော်လည်း ယခုအခါ ပိုအေးလာသောကြောင့် ဇလုံထဲတွင် ထိုင်နေသည့် ရွှီဖန်ကို သက်ကယ်တဲထဲသို့ သယ်သွားရုံသာ တတ်နိင်လေတော့သည်။

"ပါးပါး၊ တဝါ ထပ်မငိုတော့ဘူး" ရွှီဖန်၏လက်ကလေးသည် ဇလုံ၏အစွန်းကို ကုပ်ကာဆုပ်ကိုင်ထားလေကာ ပြောနေခဲ့လေ၏။

" အင်း " ရွှီကျောက် ပြန်ဖြေလိုက်၏။

" ပါးပါး "

“စကား ထပ်မပြောနဲ့တော့။ မလှုပ်နဲ့။ ရေဆေးချရအောင်”

" ပါးပါး "

" မင်း စကား ပြောနေတုန်းပဲလား "

" ပါးပါး "

“…” ရွှီကျောက်သည် ရွှီဖန်နှင့် ယဉ်ကျေးမနေတော့ဘဲ  ရွှီဖန် မရပ်မနား တခစ်ခစ်ရယ်နေသည်အထိ တိုက်ရိုက် ကလိ‌ထိုးပေးလိုက်လေသည်။ ကုတင်ပေါ်သို့ ကုပ်တက်လာသည့်တိုင်အောင် သူသည် အလွန်မြိက်မဲနေလေကာ ဆိုလေ၏။ “ပါးပါး လာပါ။ ပါးပါး လာပြီး ကလိထိုးပါ”

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now