အခန်း(၁၇) မြေ၀ယ်ခြင်း

5.9K 895 8
                                    

အခန်း(၁၇) မြေ၀ယ်ခြင်း

ရွှီကျောက်သည် စွေ့ချင်းဖုန့်ကိုကြည့်ကာ စက်ဘီးဘေးတွင် ထောက်ရန် သူ့ခြေတံရှည်များကို ပြန်ဆုတ်လိုက်၏။

စွေ့ချင်းဖုန့်သည် သူ့ရှေ့မှ လူအုပ်ကြီးကို ဖြိုခွင်းဖို့ စက်ဘီးခေါင်းလောင်းကို အဆက်မပြတ် နှိပ်လိုက်ပြီး ရွှီကျောက် အရှေ့သို့ အမြန်ရောက်လာခဲ့လေ၏။ ရွှီကျောက် အနီးပတ်ပတ်လည်မှ ဝမ်းနည်းစရာကောင်းသည့် လေထုကို မြင်လိုက်ရပြီး ရွှီကျောက်၏အဖေသည် ဆေးရုံတွင် ရှိနေဆဲဖြစ်ပြီး ဤကဲ့သို့ ပြုံးပြရန် သင့်လျော်ကြောင်း သူ ချက်ချင်းသတိရလိုက်လေ၏။ ထို့ကြောင့် သူ့အပြုံးကို အလျင်အမြန်ဖယ်ကာ တင်းမာစွာဖြင့် မေးလာလေ၏။ " ရွှီကျောက် ဦးလေးရွှီရဲ့ အခြေအနေက ဘယ်လိုလဲ? "

" သူ လေဖြတ်သွားခဲ့တာ " ရွှီကျောက် ပြန်ဖြေလိုက်၏။

စွေ့ချင်းဖုန့်၏ အသားအရည်သည် ဖြူဖျော့သွားခဲ့ပြီး  “လေဖြတ်တာလား? အဲ့ဒါ ပြင်းထန်လား ”

" အရမ်း မပြင်းထန်ပါဘူး "

စွေ့ချင်းဖုန့်သည် အလွန်လက်တွေ့ကျသော မေးခွန်းကို တွေးပြီး မေးလိုက်၏။ " ပိုက်ဆံ အများကြီး ကုန်ကျမှာလား? "

" ဟုတ်တယ် " ရွှီကျောက်သည် ရွှီမားမားကို ယွမ်ငွေ ဒါဇင်များစွာ ပေးခဲ့သော်လည်း ဆေးရုံတက်ခ နှင့် ဆေးဖိုးဝါးခများနှင့်ဆို အလွန်ကို အလျင်အမြန်ကုန်သွားလိမ့်မည်ဖြစ်သည်။ အနာဂါတ်တွင်လည်း သူတို့သည် ဆေးအတွက် ငွေအမြောက်အမြား သုံးစွဲရန် လိုမည်မှာ သေချာလေသည်။ " ပိုက်ဆံပမာဏအများကြီး ကျသင့်မှာ သေချာသလောက်ပဲ "

"ငါ့မှာ ယွမ် 200 ကျော် သိမ်းထားတာရှိတယ်။ မင်းအရင်သုံးဖို့ ယူသွားလို့ရတယ် " စွေ့ချင်းဖုန့် ပြောလိုက်၏။

" မင်းအဖေက သူ့ခွဲစိတ်မှု လိုနေသေးတယ် " ရွှီကျောက် က ပြောလိုက်သည်။

" ငါ့အဖေမှာ ငါ့ရဲ့အငယ်ဆုံးဦးလေးရှိတယ်။ သူက ငါ့ပိုက်ဆံကို သေချာပေါက် လိုမှာမဟုတ်ဘူး "

" ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဝင်ငွေလမ်းကြောင်းကို ရှာဖို့ လိုအပ်နေ‌တာပဲ။ ငါတို့ တခြားသူတွေအပေါ် မှီခိုနေလို့မှ မရတာ "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now