အခန်း(၈၇) မှန်လုနေကြခြင်း

3.3K 567 23
                                    

အခန်း(၈၇) မှန်လုနေကြခြင်း


ရွှီကျောက် နိုးလာကာစဖြစ်သောကြောင့် သူ့တုံ့ပြန်မှုသည် အနည်းငယ်နှေးကွေးသွားလေ၏။ ရွှီဖန် ပြောသည်ကို ရှင်းရှင်းလင်းလင်းမကြားလိုက်ရဘဲ မေးလိုက်၏။ "ရွှီဖန်၊ သား ဘာပြောလိုက်တာလဲ "

" စွေ့အာ့ရယ်က တုံးအနေကော " ဟု ရွှီဖန်က ဆိုလေ၏။

" ဘာတွေ တုံးအနေတာလဲ " ရွှီကျောက် နောက်တစ်ကြိမ် အတည်ပြုလိုက်ရလေ၏။

" စွေ့အာ့ရယ်လေ "

"အဓိပ္ပါယ်မရှိတာ " ရွှီကျောက်သည် သူ့အမူအရာကို ထိန်းလိုက်ရလေ၏။ သူသည် ရွှီဖန်အား ကြီးသူများကို လေးစားပြီး ငယ်ရွယ်သူကို ချစ်ခင်တတ်အောင် အမြဲသင်ပေးခဲ့သည်။

ရွှီဖန်က ရိုးရိုးသားသားပင် ပြန်ဖြေလေ၏။ " အဓိပ္ပါယ်မရှိတာ မဟုတ်ပါဘူး "

ရွှီကျောက် ရွှီဖန်အာ စိတ်အားထက်သန်စွာ ပညာပေးလေတော့၏။ " သူက မင်းထက်အကြီးလေ၊ သိရဲ့လား "

ရွှီဖန်က တုံ့ဆိုင်းနေလေပြီး " သူ-သူ သားဘောင်းဘီတွေကို ဘယ်လိုချွတ်ပေးရမှန်းမသိဘူး "

"မင်းရဲ့အကြီးတွေကို တုံးအတယ်လို့မခေါ်ရဘူး။ ဒါက အရမ်းမယဉ်ကျေးရာရောက်တယ်။ မင်းကို အရင်တုန်းက ပါးပါး မသင်ပေးခဲ့ဘူးလား။ " ရွှီကျောက်သည် လေးနက်‌သောအမူအရာဖြစ်နေလေ၏။ အမူအကျင့်နှင့်ပညာရေးဆီသို့ ရွှီကျောက်သည် ရွှီဖန်၏ တင်းကျပ်သောလိုအပ်ချက်များ အမြဲရှိခဲ့သည်။

ဤသည်ကို ကြားလိုက်ပြီး ရွှီဖန်သည် သူ့ခေါင်းလေးကို ချက်ချင်း ငုံ့ချလိုက်ပြီး စကားမပြောတော့ချေ။ သူ့  အသားဖောင်းတုတ်တုတ်လက်ကလေးသည် သူ့လက်ချောင်းလေးများကို လှုပ်ယမ်းနေလေ၏။

ရွှီကျောက် မေးလိုက်၏။ "စွေ့အာ့ရယ်ကို မတောင်းပန်သင့်ဘူးလား"

ရွှီဖန် ခေါင်းညိတ်လိုက်၏။

" သွားလေ "

ရွှီဖန်ူည် စွေ့တင်းချန်ဘက်သို့ လှည့်ပြီး ပြောလိုက်၏။ "စွေ့အာ့ရယ်၊ သား တောင်းပန်ပါတယ်။ စိတ်မဆိုးပါနဲ့"

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now