အခန်း(၉၄) ရန်ဖြစ်ခြင်း

3.2K 535 18
                                    

အခန်း(၉၄) ရန်ဖြစ်ခြင်း





သူ သူ့ကိုအရင်တုန်းက ဘယ်မှာမြင်ဖူးတာပါလိမ့်။ 


ကျိုးရှန့်ချင်းသည် ခေါင်းငုံ့ပြီး အတွေးထဲ ကျဆင်းသွားလေ၏။ ထိုလူကို ယခင်က သူမြင်ဖူးသည်မှာ သေချာသည်။ ထိုလူသည် ချောမောလွန်းလှ၏။ သူ့ကို တစ်ချက်ကြည့်လိုက်သည်နှင့် မှတ်မိနိုင်သည်။ သို့သော်လည်း ယခင်က သူ့ကို ဘယ်နေရာတွင် မြင်ဖူးခဲ့မှန်းတော့ မမှတ်မိတော့ပါချေ။


သူ တကယ်ကို လုံး၀အစပြန်ဖော်၍ မရချေ။


ကျိုးရှန့်ချင်းသည် စွေ့တင်းချန်အား နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ပြီး ရင်းနှီးသော အချက်အလက်အချို့ကို ထပ်မံရှာဖွေလိုသော်လည်း စွေ့တင်းချန်သည် သူ့ ကားထဲသို့ ပြန်လည်ရောက်ရှိသွားပြီး မောင်းထွက်သွားလေပြီဖြစ်သည်။ ရွှီကျောက်နှင့် ရွှီဖန်တို့သာ လမ်းပေါ်တွင် ကျန်နေခဲ့ကြသည်။ ကျိုးရှန့်ချင်းသည် ရွှီကျောက်ကို လှမ်းခေါ်လိုသော်လည်း ထွန်စက်တစ်စီးသည် မောင်းနှင်သွားပြီး ကျော်တက်သွားလေသည်။ သူက အမြန်ရှောင်လိုက်ပြီး ဟင်းသီးဟင်းရွက်ဈေးအဝင်ဝသို့ ပြန်လှမ်းကြည့်လိုက်သောအခါ ရွှီကျောက် သွားပြီဆိုသည်ကို တွေ့လိုက်ရလေသည်။


သူ ဘယ်ကို သွားလိုက်တာပါလိမ့်။ 


ကျိုးရှန့်ချင်းသည် ဟင်းသီးဟင်းရွက်ဈေးသို့ စက်ဘီးကိုတွန်းကာ လှည့်ပတ်ကြည့်နေခဲ့၏။ ရွှီကျောက်ကို ရှာမတွေ့သောအခါ အံ့အားသင့်သွားလေပြီး အနည်းငယ် မကျေမနပ်ဖြစ်သွားလေ၏။ အဆုံး၌ သူ ဝက်သားဆိုင်ရှေ့တွင် ရပ်လိုက်ပြီး ဝက်သားတစ်ကတ်တီဝယ်လိုက်သည်။ သူ လှည့်ပတ်ကြည့်လိုက်ပြန်ပြီး ရွှီကျောက်ကို ရှာမတွေ့သေးသဖြင့် နန်ယန်းရွာသို့ စက်ဘီးဖြင့်သာ ပြန်သွားနိုင်ခဲ့လေသည်။


လမ်းမပေါ်တွင် သူသည် ရွှီကျောက်အကြောင်းကို တွေးနေရင်း ယခင်က ထိုလူကို သူ ဘယ်နေရာတွင်မြင်ခဲ့ဖူးသည်ကိုလည်း တွေးနေခဲ့လေသည်။ ရွှီကျောက်သည် ထိုလူနှင့် တွဲနေသလားဆိုသည်ကိုလည်း သူသိချင်နေမိသည်။ ထိုသို့မဖြစ်နိုင် သို့မဟုတ်ပါက သူ ကြင်ဖက်ချိန်းတွေ့ခဲ့မည်မဟုတ်ပေ... ထိုသို့ တွေးနေရင်း သူ့ဦးနှောက်သည် ရွှီကျောက်နှင့် ပြည့်နေခဲ့လေ၏။ ရွှီကျောက် ဟင်းသီးဟင်းရွက်ဈေးထဲသို့ ဝင်သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသော်လည်း သူဘာလို့ ရွှီကျောက်ကို ရှာမတွေ့တာပါလိမ့်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now