အခန်း(၅) ဂျုံတစ်အိတ်

6.8K 931 19
                                    

အခန်း(၅) ဂျုံတစ်အိတ်

အလွန်အမင်းသည်းမခံနိုင်ဖြစ်နေသော ရွှီဇွာချန်းနှင့် ရွှီယို့ချန်းတို့သည် ၎င်းကိုမြင်လိုက်ကြသောအခါ သူတို့၏ ကြီးမားသောဖိအားသည် တစ်ဝက်တစ်ပျက် ဖြတ်တောက်ခံလိုက်ကြရ၏။ သို့သော်လည်း ဤလူနှစ်ယောက်သည် အမြဲတမ်း အရေထူပြီး သူတို့၏ဒေါသကို ခေါင်းမာမာနှင့် ထုတ်ဖော်နေကြဆဲဖြစ်လေ၏။

ရွှီကျောက်သည် သူတို့နှစ်ယောက်ကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေလိုက်ကာ ပြောလိုက်၏။ “ငါ ဒီမှာပဲ။ ဘာဖြစ်လို့လဲ? ”

“ တဝါးရဲ့ရေခဲမုန့်ကို မင်းခိုးခဲ့တာလား?” ရွှီယို့ချန်းက မေးလာလေ၏။

“ ဘယ်သူပြောတာလဲ? ” ရွှီကျောက် မေးလိုက်သည်။

“ တဝါး ပြောလိုက်တာ ”

ရွှီကျောက်သည် ချက်ချင်းမငြင်းလိုက်ဘဲ ထိုအစားပြန်မေးလိုက်၏။ “ တဝါးက ရေခဲမုန့်ကို ဘယ်ကရခဲ့တာလဲ? ”

“ တဝါး —” ရွှီယို့ချန်းသည် ပြန်မဖြေနိုင်တော့ဘဲ ရွှီဇွာချန်းကို ကြည့်ရုံသာတတ်နိုင်တော့၏။

ရွှီဇွာချန်းသည် ယနေ့နံနက် အဖြစ်အပျက်ကြောင့် ရွှီကျောက်ကို ဒေါသထွက်နေပြီးဖြစ်သော်လည်း သူသည် အစ်ကိုကောင်းတစ်ယောက်ကဲ့သို့ ပြုမူနေဆဲဖြစ်ကာ ရွှီကျောက်ကို မေးရန်ကြည့်လိုက်ကာ “တဝါးရဲ့ ရေခဲမုန့်မဟုတ်ဘူးလို့ မင်းပြောတာဆိုရင် အဲ့ဒါ ဘယ်သူ့ဟာလဲ? ”

“ ငါ့ဟာပဲ” ရွှီကျောက်ပြန်ဖြေလိုက်၏။

“ မင်း အဲ့ဒါကို ဘယ်ကရလာတာလဲ? ”

“ ငါ့အတန်းဖော်က ရေခဲမုန့်ရောင်းတယ်” ရွှီကျောက်သည် ရွှီဇွာချန်းကို ဖြည်းညှင်းစွာပြောလိုက်သည်။

“ ဒါဆို လူကြီးတစ်ယောက်အနေနဲ့ မင်းရဲ့အငယ်တွေကို မပေးသင့်ဘူးလား? ”

“ တစ်ခုပဲ ရှိတယ် ”

“ မင်း အညီအမျှခွဲလို့မရဘူးလား?

“ မရဘူး” ရွှီကျောက် တိုက်ရိုက်ပင် ငြင်းဆိုလိုက်သည်။

“ ရွှီကျောက်”  ရွှီဇွာချန်းသည် ရွှီကျောက်အတွက် စိတ်ရှည်သည်းခံမှု ကန့်သတ်ချက်သို့ ရောက်သွားပြီဖြစ်လေ၏။ သူသည် အံကြိတ်ကာ ပြောလိုက်၏။“ မင်းဒီလောက် အသိတရားခေါင်းပါးတာလား?”

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now