အခန်း(၄) ရေခဲချောင်း

7K 931 12
                                    


အခန်း(၄) ရေခဲချောင်း

စွေ့ချင်းဖုန့်သည် နှစ်မိနစ်အတွင်း ငါးဆင့်ရရှိခဲ့ပြီး ငွေကို ပျော်ရွှင်စွာ စုဆောင်းခဲ့လေသည်။ သူလှည့်ကြည့်လိုက်သောအခါ ရွှီကျောက် သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။ “ရွှီကျောက်၊ မင်း ဘာလို့ ငါ့ကိုကြည့်နေတာလဲ?”

TN : တရုတ်ငွေကြေးအခေါ်အဝေါ်မှာဆို အဓိက ယွမ် ပေါ့နော်။ တစ်ယွမ်မှာဆို 10 ကျောင့်(အ်) 1ကျောင့်(အ်)မှာဆို 10 ဖန်(ဖန်း) ပါတဲ့။ google ကြည့်တော့ cents ကတော့ coinလေးတွေကိုခေါ်တယ်ပေါ့နော်။ အခုခေတ်ငွေကြေးနဲ့ တူမတူ ကိုယ်လည်းမသိပါဘူး။ သိတာကတော့ ယွမ်တစ်ခုပဲသိတယ် 1ယွမ် 0.1ယွမ် 0.01ယွမ် အဲ့လိုပဲ တွေ့နေကျမို့လို့ပါ။

ရွှီကျောက်သည် သူ့အာရုံတွေဆီ ပြန်လည်သွားပြီး ပြောလာ၏။ “စွေ့ချင်းဖုန့်၊ ငါ မင်းကို တစ်ခုမေးချင်တယ်”

ရွှီကျောက်၌ မေးစရာတစ်ခုခု ရှိနေကြောင်း စွေ့ချင်းဖုန့်ကြားလိုက်သောအခါ ဝမ်းမသာဘဲ မနေနိုင်စွာဖြင့် စိတ်လိုလက်ရမေးလာ၏။ “ဘာကိုလဲ?”

“ ရေခဲချောင်းတွေကို မင်းဘယ်ကရလာတာလဲ? ”

“ ခရိုင်မြို့ကပဲ။ ဘာလို့လဲ? မင်း ရေခဲချောင်း ရောင်းချင်လို့လား?”

ရွှီကျောက် ခေါင်းညိတ်လိုက်၏။

“ မင်း တကယ် ရေခဲချောင်း ရောင်းချင်တာလား?” စွေ့ချင်းဖုန့် ထိတ်လန့်စွာ မေးလာ၏။

ရွှီကျောက်သည် ထိုအကြောင်းကို တစ်ခဏလောက်စဉ်းစားပြီးနောက် ပြောလိုက်၏။ “အင်း၊ အဲ့ဒါကြောင့် ငါ စဉ်းစားနေတာ”

စွေ့ချင်းဖုန့်သည် ရွှီကျောက်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံတစ်ဝန်းလုံးသည် သူတို့၏ အားထုတ်မှုများကို စပါးအထွက်နှုန်းများရရှိရန် စိုက်ပျိုးရေးကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး စီးပွားရေးသမားများကို တားမြစ်ထားပြီး ဖိနှိပ်ခံထားရလေသည်။ စီးပွားရေးလုပ်ငန်းငယ်များပင်လျှင် ဆုံးရှုံးမှုမြင့်မားနိုင်သော အပြုအမူဟု ဆိုကြပြီး အပျက်သဘောဆောင်သည့် မမောင်းထိုးမှုအဖြစ်မြင်ကြသည်။ အများသူငှာ လုပ်သမျှ အရောင်းအဝယ်အားလုံးကို သီးသန့်ပြုလုပ်ထားပြီး ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ရန် မည်သူမျှ သတ္တိမရှိကြပေ။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now