အခန်း(၃၃) နမူနာ

4.8K 765 21
                                    

အခန်း(၃၃) နမူနာ

စွေ့တင်းချန်သည် ကလေးတစ်ယောက်၏ ယုတ္တိသဘောတရားကို နားမလည်နိုင်ခဲ့သောကြောင့် နားလည်နိုင်ရန်လည်း မကြိုးစားခဲ့ချေ။ သူသည် Chienmenစီးကရက်ဗူးကို ကွန်ဆိုးလ်ထဲမှ ထုတ်ယူရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဆေးလိပ်သောက်ရန် ဆေးလိပ်၏တစ်၀က်ကို စဆွဲထုတ်နေစဉ်မှာပဲ သူ့ဘေးဘက်မြင်ကွင်းမှ  ရွှီဖန်၏ ရေ၀ိုင်းနေသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ သူ့၏ သွယ်လျသော လက်ချောင်းများ ရပ်တန့်သွားခဲ့လေပြီး စီးကရက်ဘူးကို အဖုံးပြန်ပိတ်ကာ အတွင်းမှ စီးကရက်တစ်လိပ်လုံးကို ပြန်တွန်းထည့်လိုက်ပြီး အလယ်ကွန်ဆိုးပေါ် ပြန်တင်ထားလိုက်သည်။

ထို့နောက် သူက ရွှီဖန်ကိုကြည့်လိုက်ပြီး မေးလိုက်၏။ "ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ "

ရွှီဖန်သည် သူ့အရုပ်ကားကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပြီး စကားမပြောခဲ့ချေ။

စွေ့တင်းချန်သည် မထိန်းနိုင်တော့ဘဲ ပြောလိုက်၏။ “စိတ်မပူပါနဲ့။ ငါမင်းရဲ့ ကားကြီးကို မလိုချင်ပါဘူး”

"ငါ မင်းကို မပေးဘူး။ အဲ့ဒါ ငါ့ဥစ္စာ " ရွှီဖန်သည် နို့သံလေးနှင့် ပြောလိုက်၏။

စွေ့တင်းချန်သည် သူ့မျက်ခုံးမွှေးကို ဖိဖို့ သူ့လက်ကို ဆန့်လိုက်ရတော့၏။ ဒီကလေးက သူကားတွေကို ကြိုက်ပါတယ်ဆိုပြီး ဘယ်လို နိဂုံးချုပ်ရသွားရသလဲ? သူ ကားများ အလွန်စွဲလန်းနေပေသော်ငြား သူငယ်တုန်းကပဲ ဖြစ်လိမ့်မည်။ ယခု သူ့တွင် ကားအစစ်တစ်စီး ရှိနေလျှင်တောင် ဘာကြောင့်များ  နှစ်နှစ်အရွယ် ကလေး၏ အရုပ်ကားကို သူခိုးယူချင်ပါလိမ့်မည်နည်း။ ရွှီဖန်က သူ့ကို တစ်နှစ်သားအရွယ် ကလေးတစ်ယောက်လို့ မြင်နေပါသလား။

သူသည် ကလေးများနှင့် အမှန်တကယ် မဆက်ဆံနိုင်ကြောင်း ထပ်မံ သဘောပေါက်သွားခဲ့ရလေ၏။ သူသည် ကလေးများကို လုံးဝမကြိုက်ဘဲ သူတို့ကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သည်ဟုပင် ခံစားရသည်။ သူသည် ကလေးများကို အလွန်ဒုက္ခပေးတတ်သည်ဟု အမြဲလိုလို ထင်မြင်ခဲ့သည်။ သူတို့သည် အခြားလူများကို နားမလည်နိုင်ဘဲ ငိုရသည်ကို နှစ်သက်ကြသည်။ သူသည် ယောက်ျားများကိုသာ ကြိုက်နှစ်သက်ကြောင်း ရှင်းရှင်းလင်းလင်း သိဖာခဲ့သောကြောင့် သာမာန်အခြေအနေအရ သူ့တွင် သားစဉ်မြေးဆက် ရှိလာလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ယခင်က သားသမီးများနှင့် အတူနေထိုင်ဖို့ မစဉ်းစားဖူးပါချေ။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now