အခန်း(၈၈) ဆွဲဆောင်မှု

3.2K 523 23
                                    

အခန်း(၈၈) ဆွဲဆောင်မှု

သူ့ကို စကားမပြောနိုင်ဘူးလား။

ရွှီဖန်က သူ့ကို မပြောနိုင်ဘူးလား။

ရွှီကျောက်သည် ၎င်းကို သေချာပေါက် မယုံနိုင်ချေ။ ရွှီဖန်နှင့် သကျွမ်းတို့သည် သူတို့နှစ်ယောက်သည် စကားပြောရာတွင် နံပါတ်နှစ်ဟုပြောပါက နံပါတ်တစ်ဟုပြောရဲသည့်သူ မည်သူမှ ရှိလိမ့်မည်မဟုတ်ချေ။ သူ့မိသားစု၏ရွှီဖန်သည် ယနေ့၌ အလွန်ကျိုးနွံနေခဲ့သည်။ ကျိုးနွံလွန်းနေတာပဲ။

"သား သူနဲ့ စကားပြောပြီးလို့လား" ဟု မေးလိုက်ရင်း ရွှီကျောက်၏ ပါးစပ်ထောင့် တွန့်သွားလေ၏။

ရွှီဖန်က အမှန်အတိုင်း ပြန်ဖြေလေ၏။ " မပြောရသေးဘူး "

ရွှီကျောက်သည် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ " ဒါပဲလေ၊ သား သူနဲ့ စကားတောင် မပြောရသေးဘဲ သား သူ့ကို စကားမပြောနိုင်ဘူး လို့ပြောနေပြီ။ ဒါ မဖြစ်နိုင်ဘူး"

ရွှီဖန်က တင်းခံနေပြန်လေ၏။ " သူ-သူက လူကြီးလေ "

ရွှီကျောက်သည် ညင်သာစွာ ပြောလိုက်၏။ "လူကြီးတွေလည်း ကျိုးကြောင်းဆင်ခြင်နိုင်ပါတယ်ကွာ "

" ဒါ-ဒါဆို..." ရွှီဖန်သည် စကားပြောမထွက်တော့ချေ။

ရွှီကျောက် ပြောလိုက်၏။ "မကြောက်ပါနဲ့။ သူ့ကို သွားပြောကြည့်။ သား မှန်ကြည့်ချင်တယ်လို့ ပြောလိုက်။ ပါးပါးတို့က ဟိုတယ်အခန်းခအတွက် ပေးထားတယ်ဆိုတော့ ပါးပါးတို့လည်း မှန်ကြည့်လို့ရတယ်။ သူ့ကို သားလည်း မှန်ကြည့်ချင်တယ် ပြောလိုက် "

ရွှီဖန်သည် ရွှီကျောက်ကို ခဏလောက် စိုက်ကြည့်နေလေပြီး ဆိုလေ၏။ "ပါးပါး၊ သားကို ကူပြောပြပေးပါလား"

ရွှီကျောက်က တင်းတင်းပြောလိုက်၏။ " သားရဲ့ပြဿနာတွေကို သားဘာသား ဖြေရှင်းရမယ်လေ "

" သား-သား ကြောက်လို့ " ရွှီဖန်က အမှန်တရားကို ပြောပြလေ၏။

" ဘာကို ကြောက်တာလဲ "

" စွေ့အာ့ရယ်ကို ကြောက်တာ "

" သားက သူ့ကို ဘာလို့ကြောက်နေတာလဲ "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now