အခန်း(၈၀) ချိန်းတွေ့မှုတစ်ခု(Blind Date)သို့သွားခြင်း

4K 558 20
                                    

အခန်း(၈၀) ချိန်းတွေ့မှုတစ်ခု(Blind Date)သို့သွားခြင်း

စွေ့ချင်းဖုန့်က ဖုန်းပြန်ဖြေလေ၏။ အသံကို မှတ်မိလိုက်ပြီး ရွှီကျောက် ရယ်မောကာ ပျော်ရွှင်စရာကောင်းသည့် နှစ်သစ်နှင့် ပျော်ရွှင်တဲ့ မိသားစုဖြစ်ပါစေဟု ဆုတောင်းပေးလိုက်၏။ စွေ့ချင်းဖုန့်နှင့် ခဏလောက်စကားပြောခဲ့၏။ သူသိပ်မပျော်နေဟု ခံစားလိုက်မိပြီး နွေဦးပွဲတော် Gala ကိုကြည့်ချင်သောကြောင့်ဖြစ်ရမည်ဟု ထင်လိုက်သည်။ ထို့နှင့် ရွှီကျောက်သည် သူနှင့် စကားထပ်မပြောတော့ချေ။ သူ ရယ်မောကာ ဆုမွန်ကောင်းများအနည်းငယ် ထပ်ပြောလိုက်သည်။

ဖုန်းချလိုက်ပြီးနောက် ရွှီကျောက်သည် အချိန်ကိုကြည့်လိုက်၏။ အိပ်ချိန်ရောက်နေပြီဖြစ်လေသည်။ သူ မီးဖိုချောင်သို့ လျှောက်သွားကာ သစ်သားခြောက်နှင့် အနွေးမီးဖိုလေးကိုယူသွားကာ အနောက်တောင်ပံခန်းတွင် ထားလိုက်၏။ ပြီးနောက် ခန်းမထဲသို့ တ်စချက်ကြည့်လိုက်၏။ သကျွမ်းနှင့် သကျွမ်း၏အဖွား အိမ်ပြန်သွားပြီဖြစ်သည်။ ထို့နောက် သူ ရွှီဖန်ကို လှမ်းခေါ်လိုက်ပြီး သူ့မျက်နှာ၊ ခြေဖဝါးနှင့်တင်ပါးကို ဆေးကြောပြီး အိပ်လို့ရပြီဖြစ်သည်။

“ပါးပါး၊ သား မအိပ်ချင်ဘူး” ရွှီဖန်သည် ပင်မခန်းမထဲမှ လှည့်မကြည့်လာဘဲ ပြန်ဖြေလေ၏။

"သား မအိပ်ချင်သေးဘူးလား " ရွှီကျောက်မေးလိုက်၏။

" သား-သား-သား ရေဒီယို နားထောင်ချင်တယ် " ရွှီဖန်၏ နို့သံလေးက ပြန်ဖြေလေ၏။

ရွှီကျောက် ဆက်ပြီး ပြောလိုက်၏။ " ဒါဆို သားနားထောင်၊ ပါးပါးကတော့ အိပ်တော့မယ်"

ရွှီကျောက် ပြောလိုက်ရုံရှိသေး ထမင်းကြွပ်စားနေသည့် ရွှီဖန်သည် အထဲသို့၀င်လာရင်း တခစ်ခစ်ရယ်မောနေလေသည်။ သူသည် ချိုချိုသာသာနှင့် ခေါ်လိုက်၏။ "ပါးပါး"

"မင်းစားနေတုန်းပဲလား။ စားနေတော့ရပ်တော့။ အိပ်ချိန်ရောက်ပြီ" ရွှီကျောက် ပြောလိုက်သည်။

“နှစ်-နှစ်သစ်မှာ များများစားဖို့ အဖွားက ပြောတယ်” ရွှီဖန်၏ ပါးစပ်လေးမှ တိုးတိုးလေးရေရွတ်လိုက်သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now