အခန်း(၁၁၉) သား စွေ့အာ့ရယ်နဲ့ မကစားဘူး

3.6K 540 9
                                    


အခန်း(၁၁၉) သား စွေ့အာ့ရယ်နဲ့ မကစားဘူး





ထွက်သွားတဲ့လား။


စကားတစ်ခွန်းတည်းသာ ဖြစ်သော်လည်း ရှန့်ကျားယန်၏ခန္ဓာကိုယ်အပေါ်တွင် ရေဇလုံတစ်ခုလောင်းချလိုက်သလို ခံစားလိုက်ရလေကာ စွေ့တင်းချန်အား အေးခဲပြီး ဗလာဖြစ်လျက် စိုက်ကြည့်နေခဲ့လေသည်။


စွေ့တင်းချန် အဝေးသို့ လျှောက်သွားလေ၏။


ရှန့်ကျားယန်သည် ကားနှိုးသံကြားပြီး သတိ၀င်လာသည့်တိုင်အောင် တစ်နေရာတည်းတွင် အေးခဲနေလေ၏။ အခန်းထဲမှ အမြန်ပြေးထွက်ကာ ခြံဝင်းထဲသို့ ပြေးသွားလေ၏။ သူ လမ်းပေါ်သို့ပြေးထွက်ပြီး စွေ့တင်းချန်၏ ကားပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရလေသည်။ သူ့တစ်ကိုယ်လုံး ဝိညာဉ်များ စုပ်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရကာ ချက်ချင်း မြေပြင်ပေါ် လဲပြိုကျသွားလေ၏။


တခြားသူထံ အလည်သွားသည်မှ ပြန်ရောက်လာသည့် ရှန့်မားမားသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီး လန့်သွားလေ၏။ သူမ အမြန်ပြေးလွှားသွားကာ ရှန့်ကျားယန်ကို အမြန်ဆွဲထူလိုက်သော်လည်း သူမ သူ့ကို မဆွဲထူနိုင်ခဲ့ချေ။ သူ အလျင်စလို မေးလိုက်၏။ " ကျားယန်၊ ကျားယန်၊ ဘာ-ဘာဖြစ်နေတာလဲ "


ရှန့်ကျာယန်၏ မျက်လုံးများသည် ဗလာဖြစ်နေလျက် တိုးတိုးလေး ပြောလိုက်လေသည်။ "ပြီးသွားပြီ၊ ပြီးသွားပြီ..."


" ဘာပြီးသွားတာလဲ "


" အရာအားလုံးပြီးသွားပြီ၊ အားလုံး ပြီးသွားပြီ "

" ဘာဖြစ်နေတာလဲ။ အမေ့ကို ဒီလိုမလှန့်ပါနဲ့ "


ရှန့်မားမားသည် သေလောက်အောင် စိုးရိမ်သွားလေ၏။


ရှန့်ကျားယန်သည် စကားတစ်ခွန်းမှ မပြောနိုင်တော့ချေ။ စွေ့တင်းချန် ထွက်ခွာသွားသည့် ဘက်ဆီသို့ တည့်တည့်ကြည့်နေခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် စွေ့တင်းချန်သည် လမ်းကြောင်းပြောင်းပြီး နန်၀မ်းရွာဆီသို့ မောင်းနှင်နေလေ၏။ သူ နန်၀မ်းရွာသို့ လျှပ်စီးအရှိန်ဖြင့် ရောက်ရှိလာခဲ့လေသည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now