အခန်း(၄၁) အစီအစဉ်များ

4.5K 660 10
                                    

အခန်း(၄၁) အစီအစဉ်များ

အချိန်ဖြုန်းနေတာလား။

ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်မှာလဲ။

ရွှီကျောက် ပြုံးပြီး ဖန်ရှောင်တျန့်ဟူစည့်စကားလုံးကို ထွက်ပေါ်စေပြီး ကြောညာနေခြင်း ‌ဖြစ်ကြောင်း စွေ့ချင်းဖုန့်ကို ရှင်းပြလိုက်သည်။ နှစ်ပတ်အကြာ လကိတ်မုန့်များရောင်းဖို့ ရည်ရွယ်ချက်သာဖြစ်ပြီး ယခုလောလောဆယ် လကိတ်မုန့်များကို မရောင်းသေးချေ။ စွေ့ချင်းဖုန့်ကို ဖြေရှင်းချက်ပေးပြီးနောက် ရွှီကျောက်သည် ရေမြှုပ်သေတ္တာကို စက်ဘီးနောက်ခုံပေါ်၌ ချည်ပြီး စက်ဘီးလက်ကိုင်ဘားများတွင် ကတ်ထူဆိုင်းဘုတ်ကိုလည်း ချိတ်ဆွဲထားခဲ့လေ၏။ ဆိုင်းဘုတ်တွင် စာလုံးကြီးကြီးများဖြင့် ရေးထားသည်မှာ —အရှေ့လမ်းဆုံ၏ ဖန်ရှောင်တျန့် ဖြစ်လေ၏။

"မင်းအခု တကယ်ကြီး သွားမလို့လား။ စောလွန်းတယ်မဟုတ်ဘူးလား။ ဆောင်းဦးလလယ်ပွဲတော်ရောက်ဖို့ နှစ်ပတ်တောင်ကျန်သေးတယ်" ဟု စွေ့ချင်းဖုန့်က မေးလေ၏။

"အင်း၊ သိပ်တော့ မစောပါဘူး။ မဟုတ်သေးဘူး။ အခုက အတိအကျအချိန်အခါသင့်ပဲ" ဟု ရွှီကျောက်က ဆိုလေ၏။

"ဒါဆို၊ မင်းငါ့ကို မသွားစေချင်တာ သေချာလား။ ငါက နေဒဏ်ကို အရမ်းခံနိုင်ရည်ရှိတယ်" စွေ့ချင်းဖုန့်က သူ့ကိုယ်သူ မြှင့်တင်ဖို့ ကြိုးစားလေ၏။

ရွှီကျောက်က ပြုံးပြီး ငြင်းလိုက်၏။ "အဆင်ပြေပါတယ်။ မင်းနေခဲ့ပြီးတော့ ဆိုင်ကို စောင့်ကြည့်နေ။ ငါ ရွှီဖန်ကို လှည့်ပတ်ကြည့်ရှုပြီး အတွေ့အကြုံတစ်ခုရယူဖို့ ခေါ်သွားလိုက်မယ်"

"ကောင်းပြီ။ ဒါဆို တစ်ခုခုဖြစ်ရင် ငါ့ကို ဆက်သွယ်လိုက် " ဟုသာ စွေ့ချင်းဖုန့် ပြောနိုင်လေတော့သည်။

" ငါသိပြီ "

ထို့နောက် ရွှီကျောက်သည် ရွှီဖန်ကို မြောက်ပိုင်းလမ်းဘက်သို့ လကိတ်မုန့်လှည့်ပတ်ရောင်းရန် အရင်ဆုံး ခေါ်သွားခဲ့၏။ သူ့၏မူလအစီအစဉ်မှာ ကြော်ငြာရန် ထွက်လာခြင်းဖြစ်သောကြောင့် ရွှီကျောက်သည် ဖိအားတစ်ခုကိုမှ မခံစားရဘဲ လမ်းမများနှင့် လမ်းကြားများတွင် လျှောက်လှမ်းနေခဲ့လေသည်။ ရွှီဖန်းအား ဘဝအသိပညာဗဟုသုတများကို ပေါ့ပေါ့ပါးပါး သင်ကြားပြသပေးရင်း အလွန်ပေါ့ပါးနေခဲ့သည်။ လျှပ်စစ်မီးတိုင်များ၊ လျှပ်စစ်မီးပန်ကာများ၊ မီးသွေးခဲတုံး၊ ရေပိုက်ခေါင်း၊ ရုပ်ရှင်ရုံ၊ လမ်းကြားလေးများ နှင့် အခြားအရာများ အားလုံးကို ရွှီဖန်အား သင်ကြားပေးခဲ့သည်။ ရွှီဖန်သည် ယနေ့တွင် အလွန်ပင် ပျော်ရွှင်ခဲ့ပြီး ပိုလို့တောင်မှ တက်ကြွလာခဲ့လေသည်။ သူမြင်သမျှ အရာတိုင်းကို မေးမြန်း‌နေလိမ့်မည်ဖြစ်သည်။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now