အခန်း(၁၁၇) မှန်းဆချက်

2.8K 492 7
                                    


အခန်း(၁၁၇) မှန်းဆချက်




ဤအကြောင်းကိုကြားပြီး စွေ့တင်းချန်၏နှလုံးသားသည် ရုတ်တရက် တုန်လှုပ်သွားလေ၏။ သူ့စိတ်ထဲတွင် ပေါ်မလာသင့်သော အတွေးတစ်ချို့ရှိနေလေသည်။ သူ ရွှီကျောက်ကို တည့်တည့်ကြည့်နေခဲ့လေ၏။ ခဏကြာသည်အထိ ပါးစပ်ကို မဖွင့်လာခဲ့ချေ။ " အဲဒီလူက ဘယ်သူလဲဆိုတာ မင်းဘာလို့ မသိခဲ့တာလဲ "


ရွှီကျောက် အမှန်အတိုင်းဖြေလိုက်၏။ " ဘာလို့ဆို အဲဒီတုန်းက ကျွန်တော်မူးနေလို့ "


"မင်းအရက်မူးနေတာလား။ မင်းသောက်နိုင်တယ်ပေါ့ " စွေ့တင်းချန်သည် ရွှီကျောက် မသောက်သည်ကို သတိရလိုက်သည်။


" အင်း၊ ကျွန်တော် မသောက်နိုင်ဘူး "


" ဒါဆို မင်းဘာလို့ မူးသွားတာလဲ "


" ဘာလို့ဆို အဲ့နေ့တုန်းက ချီရွှိုက်ရဲ့ မွေးနေ့မို့ "


စွေ့တင်းချန်သည် ရွှီကျောက်ကို မေးခွန်း သုံးခု ဆက်တိုက် မေးပြီးနောက် နောက်ဆုံးတွင် ရွှီကျောက်သည် ပိုစကားများလာခဲ့လေ၏။ ရွှီကျောက်သည် ရွှီဖန်ကို စွတ်ပြုတ်နှင့် အသီးအရွက်များ ထပ်ထည့်ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ "အဲဒီနေ့က ချီရွှိုက်ရဲ့မွေးနေ့။ ချီရွှိုက်က ကျင်းပဖို့ ကျွန်တော်အပါအ၀င် သူ့အတန်းဖော်တော်တော်များများကို ခေါ်ခဲ့တာ။ ကျွန်တော်တို့ အချိန်ကောင်းလေးရခဲ့ပြီး နည်းနည်းလည်းသောက်ခဲ့ကြတယ်။ ကျောင်းအိပ်ဆောင်ကိုပြန်ဖို့ နောက်ဆုံးအချိန်ကိုတောင် လွတ်သွားကြတယ်လေ။ လူတော်တော်များများက ညအိပ်ဖို့ ကိုယ့်အိမ်ကို ပြန်သွားကြတယ်။ ချီရွှိုက်က ကျန်တဲ့လူတွေအတွက် ဟိုတယ်တစ်ခန်း ပေးခဲ့တယ်"


စွေ့တင်းချန်က မေးလိုက်၏။ " ဆိုတော့၊ မင်းလည်း ဟိုတယ်မှာ နေခဲ့တယ်ပေါ့ "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Donde viven las historias. Descúbrelo ahora