အခန်း(၁၂၆) အရှက်တရားကို အဝေးပစ်ထုတ်

3.4K 503 10
                                    

အခန်း(၁၂၆) အရှက်တရားကို အဝေးပစ်ထုတ်





ဘာလို့ သားပါးပါးကို ထပ်ပြီး ဖက်နေတာလဲ။


သူသည် " ထပ်ပြီး" ဟူသော စကားလုံးကို အလွန်ကောင်းမွန်စွာ အသုံးပြုခဲ့လေသည်။ ဤအရာသည် ရွှီဖန်သည် စွေ့တင်းချန် ရွှီကျောက်ကို ပွေ့ဖက်နေသည်ကို နှစ်ကြိမ်တိုင်တိုင် မျက်မြင်တွေ့ခဲ့ရပြီး သူ့၏မှတ်ဉာဏ်များထဲတွင် နက်နဲစွာ သိမ်းဆည်းထားကြောင်း ပြသခဲ့လေသည်။


ရွှီကျောက် လန့်သွားလေ၏။


စွေ့တင်းချန် ရယ်လေတော့၏။


သူတို့နှစ်ယောက်စလုံး ရွှီဖန်ကို တစ်ချိန်တည်း ခေါင်းငုံ့ကြည့်လိုက်ကြလေ၏။


ရွှီဖန်သည် စွေ့တင်းချန်ကို ပြင်းထန်သော အမူအရာနှင့် စူးစူးရဲရဲစိုက်ကြည့်နေကာ အလွန်ချစ်ဖို့ကောင်းနေလေသည်။


ရွှီကျောက် မရယ်ဘဲ မနေနိုင်တော့ချေ။


စွေ့တင်းချန်သည် တိုက်ရိုက်ငုံ့ကိုင်းလိုက်ကာ ရွှီဖန်ကို ချီမြှောက်လိုက်လေ၏။ ချီမြှောက်ထားရင်း ရွှီဖန်သည် တွန့်ဆုတ်မှုအပြည့်နှင့် သူ့ခန္ဓာကိုယ်လေးကို ရွှီကျောက်ဆီသို့ တရွေ့ရွေ့ လှည့်သွားကာ ရွှီကျောက်၏ရင်ခွင်ထဲသို့ ရောက်သည်အထိပင်။ သူသည် ရွှီကျောက်၏လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ စွေ့တင်းချန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်လေ၏။ "ဒါက သားရဲ့ပါးပါး၊ စွေ့အာ့ရယ် ဖက်လို့မရဘူး "


သားကောင်းလေး။ ပါးပါးကြီးအတွက် ပါးပါးလေးကို စောင့်ကြည့်ပြီး ကူညီပေးတာ အရမ်းကောင်းတယ်။


စွေ့တင်းချန် ရယ်လိုက်၏။


ရွှီကျောက်သည် အလွန်လန့်နေဆဲပင်။


စွေ့တင်းချန် ရွှီကျောက်ကို ပွေ့ဖက်ခြင်းမှ တားဆီးရန်အတွက် ရွှီဖန်သည် ရေဘဝဲတစ်ကောင်ကဲ့သို့ဖြစ်နေပြီး သူ့တစ်ကိုယ်လုံးကို ရွှီကျောက်၏ ခန္ဓာကိုယ်တွင် ကပ်တွယ်ထားလေ၏။ သူ့ခြေထောက်နှစ်ချောင်းကိုလည်း ရွှီကျောက်၏ခါးတွင် တင်းကျပ်စွာ ရစ်ပတ်ထားသော ခြေနှစ်ချောင်းကို တင်းတင်းကြပ်ကြပ် ချိတ်ထားသဖြင့် ရွှီကျောက် သူ့ကို ဆွဲမထုတ်နိုင်တော့ချေ။ သူ ရယ်ရမလား ငိုရမလားမသိတော့သည့် အမူအရာနှင့် စွေ့တင်းချန်ကို ကြည့်လိုက်၏။

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now