အခန်း(၁၃) စာချုပ်

6.1K 934 22
                                    

အခန်း(၁၃) စာချုပ်

ရွှီဖန်သည် အစ်မယွင်၏အသံကို ကြားလိုက်ရသောအခါ ရပ်တန့်လိုက်လေကာ ပြန်လှည့်မကြည့်မီ ရေမြှုပ်သေတ္တာကို သူ့ဘက်သို့တွန်းထုတ်ရန် သူ့ခွန်အားကိုအသုံးပြုနေခဲ့လေသည်။ အစ်မယွင်ဆီသို့ ခေါင်းလှည့်လိုက်ကာ ပြောလိုက်၏။ " ဒေါ်ဒေါ် သားကိုခေါ်တာလား? သားက ဆန်းဝါလို့ ခေါ်တယ် ကလေးလေးမဟုတ်ဘူး "

အစ်မယွင်သည် ချက်ချင်းပင် ရယ်မောလိုက်လေ၏။ ရွှီဖန်၏ ချစ်စဖွယ်အသွင်အပြင်ကို ကြည့်လိုက်ပြီး သူမ၏အသံသည် နူးညံ့သိမ်မွေ့လာကာ ပြောလိုက်၏။ " အော်, ဆိုတော့ သားနာမည်က ဆန်းဝါတဲ့လား? "

" အင်း၊ သားကို ‌ပေါင်းပေါင်း ဒါမှမဟုတ် ရွှီပေါင်းပေါင်းလို့လည်းခေါ်တယ် " ဟု ရွှီဖန် က ဆက်ပြောလေသည်။

" သားကို ရွှီပေါင်းပေါင်းလို့လည်း ခေါ်တယ်တဲ့လား? ကောင်းလိုက်တာ။ ဘယ်လိုတောင် ချစ်စရာကောင်းလိုက်တဲ့ နာမည်လဲ? ပေါင်းပေါင်း သားရဲ့ ပါးပါး ဘယ်မှာလဲ? "

" ပါးပါးက လက်ဆေးဖို့သွားတယ် "

သူ၏ နို့နံ့မကင်းသည့်အသံလေးသည် အလွန်ချစ်စရာကောင်းလေသည်။

အစ်မယွင်၏ နှလုံးသား အရည်ပျော်သွားလေ၏။ ရွှီဖန်နှင့်တူညီသည့် အသံတုန်းကို လုပ်ပြီး ပြောလိုက်၏။ " လက်ဆေးတာလား? သူ လက်ဆေးဖို့ ဘယ်ကိုသွားတာလဲ? "

" အရှေ့မှာ " ရွှီဖန်၏ လက်ချောင်းလေးများသည် သူ့အရှေ့ကို ညွှန်ပြလိုက်သည်။

" သားက သူ့ကိုရှာဖို့ ဒေါ်ဒေါ့်ကို အတူတူခေါ်သွားပေးမယ်ဆို ဘယ်လိုလဲ? "

" ကောင်းပါပြီ၊ သားနောက်ကို လိုက်ခဲ့ပါ "

ရွှီဖန်သည် ရေမြှုပ်သေတ္တာကို ဆွဲပြီး ရှေ့သို့ ဆက်သွားခဲ့လေသည်။

အစ်မယွင်သည် အပြုံး‌သေးသေးလေးတစ်ခုနှင့် နောက်မှ လိုက်လာခဲ့လေသည်။

သူတို့သည် အဆောက်အဦးမှ ထွက်ပြီး ထောင့်ရှိ ရေပိုက်ခေါင်းဆီသို့ လျှောက်သွားကြလေသည်။

ရွှီကျောက်သည် လက်ရှိတွင် သူ့လက်ပေါ်ရှိ ဆီအညစ်အကြေးများကို ဆေးကြောရန် ဆပ်ပြာကို အသုံးပြုနေ၏။ ခေါင်းလှည့်ကြည့်လိုက်သောအခါ အစ်မယွင်ကိုတွေ့လိုက်ပြီး ပြုံးကာ နှုတ်ဆက်လိုက်လေ၏။ " အစ်မယွင်၊ အစ်မ စီးပွားရေးကိစ္စအတွက် သွားနေတာလား? "

ရှစ်ဆယ်ခုနှစ်များတွင် ပြန်လည်မွေးဖွားခြင်း 『မြန်မာဘာသာပြန်』Where stories live. Discover now